Sunday, April 5, 2015

မိုဘိုင်းနည်းပညာ ကိုစတင်လေ့လာလိုသူများ အတွက်နေရာကောင်းလေးတစ်ခု


မင်္ဂလာပါ …
အခုအချိန်မှာ လူတိုင်း နီးပါး  မိုဘိုင်းဖုန်းတွေ ကိုင်ဆောင် အသုံးပြုနေတဲ့ အချိန်ဖြစ်နေပါပြီ..  မိုဘိုင်းဖုန်းတွေ၊တက်ဘလက်တွေ ပေါများလာတာနဲ့ အတူ  မိုဘိုင်းဆားဗစ် လုပ်ငန်းဟာ အသက်မွေးဝမ်းကျောင်း ပညာတစ်ခု အနေနဲ့ ဖြစ်လာနေပါပြီ။။  ခု ကျွန်တော်တို့ ဒီနေရာလေးမှာ အခုမှ မိုဘိုင်းလော ကထဲ စတင် ၀င်ရောက်မယ့် သူတွေ အတွက် အခက်အခဲ မရှိစေရန် ရည် ရွယ်ချက်နဲ့  သိသင့် တာတွေ ကို ဝေမျှသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ ကိုယ်တိုင် ရှာဖွေတွေ့ ရှိထားတာ တွေရော အခြားသူတွေ ဝေမျှထားတာတွေ ကိုပါအလျင်းသင့် သလိုတင်ပေးသွားမှာဖြစ်ပါတယ်…
ကျွန်တော်တို့ ကိုယ်တိုင် စမ်းသပ်ထာပြီးသားများကိုသာတင်ပေးထားမှာဖြစ်တဲ့ အတွက် စိတ်ချယုံကြည်စွာအသုံးပြုနိုင်မှာပါ..  အဓိက အနေနဲ့  Software ပိုင်းများ ကို တင်ပေးမှာပါ..
ဒါပေမဲ့  Android phone တွေကို ပြုပြင်ပြင်ဆင်ခြင်းပြုလုပ်တော့ မယ်ဆိုရင် မသိမဖြစ် သိထားရမှာက Do it at your own Risk. ပါ… အခမဲ့ ဖြစ်စေ အခကြေးငွေနဲ့ ဖြစ်စေ အွန်လိုင်းမှာ Tools တွေ တင်ထားပေးတာတွေ ရှိနေပေမယ့် အသုံးပြုတဲ့ အချိန်မှာ တစ်ခုခုမှားယွင်းခဲ့ ရင် မိမိ တာဝန်သာဖြစ်ပါတယ်..
စိတ်ပါဝင်စားသူများအနေနှင့်  ဒီ Page ကို ၀င်ကြည့် ရုံနှင့်  မိမိအိမ်မှာ ဖြစ်စေ လုပ်ငန်းခွင်မှာဖြစ်စေ.. မည်သည့် နေရာမှာ ရှိနေသည် ဖြစ်ဖြစ်.. မိုဘိုင်းဖုန်း အင်တာနက် (သို့ မဟုတ်) ကွန်ပျူတာ အင်တာနက်ရှိသော နေရာ မှ မည်သည့် အချိန်မဆို သင်ယူနိုင်ပါမည်။
မိုဘိုင်း လောက အတွင်း စတင် ၀င်ရောက် ပြီး အတွေ့ အကြုံ နည်းနေသေးသူများ အတွက် အထူး ရည်ရွယ်ပါသည်.။
မိမိ ကိုယ်တိုင်ဆိုင်ဖွင့် ထားသူများ အတွက် လည်း အဖြစ်များ အတွေ့ ရများသော error များ ကို ကိုယ်တိုင် အလွယ်တကူဖြေရှင်းနိုင်စေမည့် အထိ ရိုးရှင်းလွယ်ကူသော သင်ခန်းစားများနှင့် သင်ကြားပေးမည့် အပြင် လိုအပ်သော Tools များ Files များ Tutorials များ Games and Applications များကို လည်း အခမဲ့ Download ရယူနိုင်မှာဖြစ်ပါတယ်။
လိုအပ်သော အကူအညီများကို လည်း အချိန်မရွေး ဖုန်းဖြင့် ဆက်သွယ် အကူအညီရယူနိုင်မှာဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ
ကျေးဇူးတင်ပါတယ် ခင်ဗျ
ခေတ်သစ်နေမိုဘိုင်းနည်းပညာ

No comments:

Post a Comment