Facebook company ကနေ facebook ကို အသုံးများသူများအတွက် Facebook home launcher ကို ထုတ်လုပ်ဖြန့် ချိထားပေးပါတယ်။ ဒါပေမယ့် ဖုန်းအမျိုးအစား ၆မျိုး အတွက် ပဲ ရရှိနိုင်ပါတယ်။
HTC One, One X, One X+, Samsung Galaxy S3, S4 and Note 2 တို့ ဖြစ်ပါတယ်။ တစ်ခြားဖုန်းတွေမှာ မရပါဘူး။
အခုတင်ပေးမှာကတော့ ဖုန်းအားလုံးနဲ့ အဆင်ပြေအောင်ပြုပြင်ထားတဲ့  Facebook home launcher ပါ။
Facebook home launcher ကို သုံးလိုက်မယ်ဆိုရင် Lockscreen ဟာ သင့် ရဲ့ Facebook newsfeed ကို slideshow အနေနဲ့ ပြသပေးနေမှာပါ။ ခလုပ် က သုံးမျိုးပဲ ပါ ပါ မယ်။ App drawer ရယ် Messenger ရယ် နောက်ဆုံးဖွင့် ခဲ့ တဲ့  APP ရယ်ပါ။ ရိုးရှင်းမှု့ အဓိက ထားပေး ထားတဲ့ Launcher ပါ. Original ကို ပြန်သွားနိုင်အောင်လည်း function ထည့် ထားပေးပါတယ် .. App drawer ထဲ က More ကိုနှိပ်ပေးရင် Original Home launcher သို့ မဟုတ် သင် Default ပေးထားတဲ့  Home launcher ကို ပြန်သွားနိုင်ပါတယ်။
တစ်ခု သတိထားရမှာ ကတော့  ဒီapp ကို သုံးမယ်ဆိုရင် Data usage တော့  အနည်းငယ် ပိုကုန်နိုင်ပါတယ်... ချင့် ချိန်အသုံးပြုကြပါ။
ထည့် သွင်းနည်း အဆင့် ဆင့် 
Facebook home launcher ကို ထည့် သွင်း မယ်ဆိုရင် Android version အနည်းဆုံး 4.0.4 ရှိရပါမယ်။
Facebook application နဲ့ Facebook home launcher ကိုအောက် ကလင့် မှာဒေါင်းပါ
Click here to download
တွဲဖက်သုံးဖို့  Facebook messenger ကို အောက် ကလင့်မှာည ဒေါင်းပါ။
Click here to download facebook messenger
facebook နဲ့  messenger အရင်သွင်းထားတာရှိရင် uninstall လုပ်ပေးပါ။
Original facebook ပါတဲ့ ဖုန်းတွေဆိုရင်တော့ Root လုပ်ပြီး ဖျက်ပေးရပါမယ်။
ဒေါင်းထားတဲ့  ဇစ်ဖိုင်တွေကိုဖြေချပြီး com.facebook.katana.apk (FB app), နဲ့  com.facebook.home.apk (Home app). ကို install လုပ်ပေးပါ။
fborca243.apk (Messenger app). ကိုပါထပ် install လုပ်ပေးပါ။
Facebook application ထဲကိုသွား ပြီး Sign in ၀င်ပါ.။
ပြီးရင် facebook app setting ထဲက enabled facebook home ကို နှိပ်ပေးပါ။။
လိုအပ်မယ်ဆိုရင် Restart တစ်ခေါက် လုပ်ပေးလိုက်ပါ ။။
ဒါဆိုရင်တော့ သင် ဟာရိုးရှင်း လှပမှု့ အပြည့် နဲ့  Facebook home launcher ကို အောင်မြင်စွာထည့် သွင်းပြီး ဖြစ်ပါပြီ
အဆင်ပြေပါစေ။
Author : KoAnnKu
No comments:
Post a Comment