Monday, April 20, 2015

Huawei Ascend P7 ကို Root လုပ်နည်း

Huawei Ascend P7 ကို Root လုပ်နည်း



လိုအပ်သောဖိုင်များ

Root Genius
Huawei HiSuite


  1. Huawei HiSuite ကို download လုပ်ပြီးရင် PC မှာ Install လုပ်ပေးရပါမယ်။
  2. ဖုန်းရဲ့ Setting ထဲက  Usb debugging ကို on ပေးရပါမယ်.. 
    (USB debugging on နည်း မသိသေးသူများ အတွက်)
    setting > about phone > Build number ဆိုတဲ့ စာတမ်းပေါ်မှာ ၇ချက် နှိပ်ပေးရပါမယ်။
    ပြီးရင် Setting > developer option > usb debugging ကို အမှန်ခြစ်ပေး လိုက်ရင်ရပါပြီ။
  3. PC မှာ Hisuite ကို ဖွင့် လိုက်ပါ။ ပြီးရင်ဖုန်း နဲ့ PC ကို USB ကြိုးနဲ့ ဆက်သွယ်ပေးပါ။
  4. ဖုန်း မှာ hisuite daemon ပေါ်လာပြီး ချိတ်မိတဲ့ အထိစောင့် ပေးပါ။
  5. ဖုန်း မှာ connection mode ရွေးဖို့ မေးလာခဲ့ ရင် Hi suite ကိုရွေးပေးပါ။
  6. အားလုံး အဆင်ပြေချိတ်မိပြီဆိုရင် Hisuite ကို ပြန်ပိတ်ပြီး ဖုန်းနဲ့  PC ချိတ်ထားတဲ့  USB cable ကိုလည်း ပြန်ဖြုတ်ပါမယ်။

အပေါ်က အဆင့် တွေ အားလုံးက ဖုန်းနဲ့ PC သေချာ ချိတ်မိစေဖို့  ပြုလုပ်ရတဲ့ အဆင့် တွေပါ။
အခု ဒုတိယ အဆင့် အနေနဲ့  ဖုန်းကို စတင် Root  ပြုလုပ်ပါတော့ မယ်။

  1. Download လုပ်ထားတဲ့  Root Genius ကို ဖွင့် ပါ။
  2. ဖုန်းနဲ့ PC ကို USB ကြိုးနဲ့ ဆက်သွယ်ပေးရပါ မယ်။
  3. ဖုန်း မှာ Connection mode မေးလာခဲ့ ရင် Hisuite ကိုရွေးပေးပါ။
  4.  Root genius app ထဲ က Root ဆိုတဲ့ ခလုပ် ကိုနှိပ်ပေးပါ။
  5. အချိန်အနည်းငယ် စောင့် ပေးပါ။  Root ပြုလုပ်နေစဉ် Auto reboot ကျသွားပါမယ် ကြိုးမဖြုတ်ပါနဲ့ ပြန်တက်လာတဲ့ အထိစောင့် ပါ။
  6. အားလုံးပြီးသွားရင် ဖုန်းရဲ့  application list မှာ SuperSU icon ပေါ်လာပါမယ်။
ဒါဆိုရင်တော့ သင့် ရဲ့ ဖုန်းကို အောင်မြင်စွာ Root လုပ်ပြီးသွားပြီ ဖြစ်ပါတယ်။

ခေတ်သစ်နေ (မိုဘိုင်း နည်းပညာ)

No comments:

Post a Comment