မိုဘိုင်းနဲ့
Tablet လောကကို ပထမဆုံးကြံဆခဲ့ပေမယ့် မို ဘိုင်းနဲ့ Tablet ကျယ်ကျယ်
ပြန့်ပြန့် ထွန်းထွန်းကားကား ဖြစ်လာချိန်မှာ ခြေလှမ်းတွေ နောက်ကျနေခဲ့တဲ့
Microsoft က ၂၀၁၂ ခုနှစ်က စပြီး သူတင် ကိုယ်တင် ဈေးကွက်
ယှဉ်ပြိုင်နိုင်ဖို့ Hardware ပိုင်းကို ကိုယ်တိုင် ထုတ်လုပ်ခဲ့တဲ့
ဝင်းဒိုးစနစ်သုံး Microsoft Surface ကို မိတ်ဆက် ထုတ်လုပ်ခဲ့တယ်။
ပထမမျိုးဆက်အတွက် Windows 8 နဲ့ အတူ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်မှာ စတင် ရောင်းချခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှာ Surface Pro ကို ထုတ်လုပ်ရောင်းချပါတယ်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလရောက်တဲ့အခါ Surface 2 နဲ့ Surface Pro 2 ကို မိတ်ဆက်ပေး ပြန်တယ်။ နောက်ဆုံး LTE ပုံစံပြု Surface 2 မော်ဒယ်ကို ၂၀၁၄ ခုနှစ် မတ်လ ၁၈ ရက်မှာ ထုတ်လုပ်ရောင်းချခဲ့ပြီး Surface Pro 3 ကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၀ ရက် မှာ ဈေးကွက် အရောက်ပို့ပေးနိုင်ခဲ့တယ်။ Surface စီးရီးနဲ့ Surface Pro စီးရီးတွေမှာ Hardware အစိတ်အပိုင်းတွေကို ဆင့်ကာဆင့်ကာမြှင့်တင် ဆောင်ရွက်လာခဲ့တယ်။
Surface Pro 3 ကို ၁၂ လက် မအရွယ် 2160 x 1440 display နဲ့အတူ Intel Core i3/i5/i7/ Processor တွေ သုံးပြီး ထုတ်လုပ် တဲ့အခါ Microsoft ရဲ့ Surface Pro 3 ကို စိတ်ဝင်စားသူအများအ ပြား ရှိလာသလို ရောင်းအားလည်း ပိုကောင်းလာတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်ကတော့ Surface Hub ဆိုတဲ့ ထုတ်ကုန်အသစ်ကို Microsoft က မိတ်ဆက်လိုက်ပြန်တယ်။ Surface Hub ကို ၈၄ လက်မ အရွယ်အစားရှိပြီး 120 Hz 4K အမျိုးအစားနဲ့ ၅၅ လက်မအရွယ်အစား ရှိပြီး၊ 1080 p multi touch အမျိုးအစား ပုံစံ ၂ မျိုးနဲ့ ထုတ်လုပ်မယ်လို့ ကြေညာသွားတယ်။ Video Conferencing ပုံစံနဲ့ ဖြစ်ဖြစ် Collabration ပုံစံနဲ့ ဖြစ်ဖြစ် လုပ်ငန်းဌာနတွေမှာ အသုံးချနိုင်ပါလိမ့်မယ်။ လည်ပတ်စနစ် ကို Windows 10 အသုံးပြုစေမယ်လို့ ဆိုထားတယ်။
Microsoft အနေနဲ့ Hardware ပိုင်းကို ကိုယ်တိုင်လှုပ်ရှားလာပြီး မိုဘိုင်းနဲ့ Tablet လောကအပြင် ကွန်ပျူတာ စနစ်သုံးကိရိယာ ပေါင်းစုံ အတွက် cross-platform အသုံး ချနိုင်ရေး ဦးတည်ချက်နဲ့ ရွက်စုံဖွင့်ချီ တက်လာတာလို့ ဆိုနိုင်ပါတယ်။ မကြာသေးတဲ့ ရက်ပိုင်းကာလအတွင်းမှာ Microsoft အနေနဲ့ Surface 3 ကို မေလမှာ ထုတ်လုပ်ရောင်းချတော့မယ်လို့ ကြေညာလိုက်တယ်။ တကယ်တော့ Microsoft ရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်တွေက အထိုက်အသင့်အောင်မြင်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ခြေလှမ်းဦးလို့ လူသိများနေတဲ့ iPads တွေနဲ့ Android Tablets တွေရဲ့ ဈေးကွက်ရှယ်ယာကို သိသိသာသာ ကြီး ဖဲ့ယူနိုင်ခဲ့တဲ့ အနေအထား မရှိခဲ့ပေ။
ဒီတစ်ကြိမ်ပွဲထုတ်လာမယ့် Microsoft Surface 3 က Tablet နဲ့ Notebook သဘာဝနှစ်မျိုးကို ပေါင်းစပ်ထားပြီး Windows Full Version နဲ့ လည်ပတ်ဆောင် ရွက်စေမှာ ဖြစ် တယ်။ အရင်က Windows Tablet တွေကို Windows RT နဲ့ သာလုပ်ကိုင်ခွင့် ရခဲ့ကြတယ်။ မိတ်ဆက်တင်ပြ ချက်အရ 64GB မော်ဒယ်နဲ့ 128 GB မော်ဒယ်ဆိုပြီး ၂ မျိုး ထုတ်လုပ် ပေးမယ်လို့ သိရတယ်။ မေလ ၅ ရက် စတင်ရောင်းချတဲ့အခါ Windows 8.1 လည်ပတ်စနစ်နဲ့ အသုံးပြုနိုင်မယ့် Surface 3 တွေ ဖြစ်ပေမယ့် Windows 10 ထုတ် ပေးတဲ့အခါ အခမဲ့ Upgrade လုပ် သုံးခွင့်ရစေမှာ ဖြစ်တယ်။
Surface 3 အနေနဲ့ Surface Pro 3 ထက် ပိုမိုသေးငယ်ပေါ့ပါး သလို ဈေးနှုန်းအားဖြင့် ချိုသာတဲ့ အတွက် ပီစီပရိသတ်များ အ ကြိုက်တွေ့စေလိမ့်မယ်လို့ မျှော်လင့်ရတယ်။ Screen အရည်အ သွေးက အလွန်ကောင်းတယ်။ တည်ဆောက်ပုံ ဒီဇိုင်းကလည်း စွဲ မက်စရာ ဖြစ်စေတယ်။ ဘက်ထရီ ပါဝါနဲ့ နာရီများများ ပိုသုံးခွင့်ရနိုင်တယ်။ iPad Air 2 နဲ့ high end Android tablet တွေကို ကျော် လွှားနိုင်မယ်လို့ ဆိုညွှန်းထားတယ်။
ဖန်တီးထုတ်လုပ်မှု ဒါရိုက်တာ ralf groene က Surface 3 နဲ့ ပတ်သက်ပြီး ၃ နှစ်တာကာလရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ပြင်ဆင်ခဲ့ရာမှာ ပုံစံဒီဇိုင်းနဲ့ ပတ် သက်ပြီး အထူးလုပ်ကိုင်ခဲ့တယ်လို့ ဆိုတယ်။ Prototype လို သစ်သား များနဲ့ အသေအချာ ဒီဇိုင်းပြုတည် ဆောက်ယူခဲ့တာ ဖြစ်တယ်။ Surface 3 ကို ၁၀.၈ လက်မအ ရွယ် Screen အရွယ်အစားနဲ့ အသုံးပြုခွင့် ရပါလိမ့်မယ်။ Processor အနေနဲ့ Intel Atom x7 CPU ကို အသုံးပြုပြီး SSD Storage 64 GB ပါဝင်ပြီး 2GB RAM ထည့်ပေးထားတဲ့ မော်ဒယ် ကို ၄၁၉ ဒေါ်လာနဲ့ ရောင်းချမယ်လို့ သိရတယ်။
Surface 3 ကို Tablet ဈေးကွက်မှာ အများသုံးအကောင်း စား Tablet ပုံစံပြုစေပြီး Notebook တစ်ခုလို ဝင်းဒိုးစနစ်ကြီး အပြည့်အဝနဲ့ လည်ပတ်ပေးစေမှာ ဖြစ်တဲ့ အတွက် ဈေးကွက်မှာကြီး စိုးနေတဲ့ အခြားမျိုးနွယ်ဝင် တက်ဘလက်များကို ဘယ်လိုကျော် တက်နိုင်မလဲဆိုတာ တွေးဆနေကြဆဲ ဖြစ်တယ်။ ဒါပေမဲ့ Surface 2 ကို ARM အခြေပြု Chip နဲ့ လည်ပတ် ဆောင်ရွက်ခဲ့ပေမယ့် Surface 3 မှာ Intel Processor ကို အသုံးပြုစေတယ် ဆိုတဲ့အချက်နဲ့ Windows RT အစား Windows 8.1 ကို အပြည့် အဝ သုံးနိုင်မယ်ဆိုတဲ့ အချက်တွေက ထူးထူးခြားခြား ဆွဲဆောင်မှု ရှိနေတယ်။ ဒါ့အပြင် ဈေးနှုန်းချိုသာမှု ကလည်း စိတ်ဝင်စားစရာ ကောင်းလှတယ်။ Notebook အစားထိုး သုံးနိုင်တယ်လို့ ဆိုညွှန်းခဲ့တဲ့ Surface Pro 3 ထက် အခွင့်အလမ်းကောင်းတွေ အပြည့်ရှိနေတယ်။ အထူးသဖြင့် အရွယ်အစားသေးငယ်ပြီး ပေါ့ပါးတဲ့အတွက် ပညာ သင်ကြားဆဲ ကျောင်းသားသုံးသုံး၊ လုပ်ငန်းခွင်မှာ မဖြစ်မနေ ကွန်ပျူတာ အသုံးပြုနေသူများ အနေနဲ့သုံးသုံး အံဝင်ကွင်ကျဖြစ်နေစေပါလိမ့်မယ်။ တကယ်လို့ touchscreen pen နဲ့ တွဲဖက် အသုံးပြုလိုပါကလည်း အသင့်ဖြစ်နေစေတယ်။
Surface 2 မှာ Photoshop Full Version ကို Corel Draw တို့ ၊ Spotify တို့ ၊ world of warcraft တ google chrome တို့ တင်သုံးခွင့် မရခဲ့ကြပေမယ့် Surface 3 မှာ အားလုံး အသုံးချခွင့်ရကြလိမ့် မယ်။ ဒါပေမဲ့ Apple နဲ့ Google တို့က USB-C ဆိုတဲ့ အလွန်မြန်ဆန်စွာ ကူးပြောင်းယူနိုင်တဲ့ ဆက်သွယ်မှုစနစ်တွေ မိတ်ဆက်လာသ လို Surface 3 မှာ မပါဝင်နိုင်ပေ။ USB 3.0 socket သာပါရှိမှာ ဖြစ်တယ်။
Apple iPad Air 2 က 16 GB Storage သာရှိပြီး ဒေါ်လာငွေ ၅၀၀ နဲ့ ဈေးနှုန်း သတ်မှတ်ရောင်းခဲ့တယ်။ Screen အရွယ်အစားက လည်း ၉.၇ လက်မ ရှိတယ်။ စကရင်ရဲ့ အရည်အသွေးကလည်း 720 HD အရည်အသွေး သာရှိပါတယ်။ ဒီအတွက် Surface 3 အ နေနဲ့ Apple iPad Air 2 ထက် အစစ အရာရာ သာလွန်နေတာ တွေ့နိုင်တယ်။ ဒါပေမဲ့ ဈေးကွက်ဦးနေတဲ့ Apple iPad Air 2 ကို ရုတ်တရက် တွန်းတိုက် နေရာယူ နိုင်ဖို့တော့ အနည်းငယ်ခက်ခဲနေ မှာ ဖြစ်တယ်လို့ တင်ပြလိုက်ရပါတယ်။
ဦးသောင်းဝင်း (ပန်းချယ်ရီ)

No comments:
Post a Comment