Sunday, April 26, 2015

Pattern Lock ကျနေသောဖုန်းများအတွက် ဒေတာ မပျက်ပဲ ဖြေရှင်းနည်း

Image result for pattern lock
Pattern Lock ကျနေသောဖုန်းများအတွက် ဒေတာ မပျက်ပဲ ဖြေရှင်းနည်း


ဖုန်းအသုံးပြုသူတော်တော်များ များ  Pattern Lock (သို့ မဟုတ်) password ထားတတ်ကြပါတယ်။
ဖုန်းရဲ့ လုံခြုံရေးအတွက် လိုအပ်လို့ ပါပဲ။  ဒါပေမဲ့ အမှတ်မှားမယ် မေ့ ခဲ့ မယ်ဆိုရင်တော့ .. စိတ်ရှုပ်ရပါပြီ။
ဒီလိုဖြစ်ခဲ့ ပြီဆိုရင် အများစုအသုံးပြုကြတဲ့ ဖြေရှင်းနည်း က Factory Data reset ချတဲ့ နည်းပါ..  လွယ်ကူ လျင်မြန်တယ် ဆိုပေမဲ့  လက်ရှိသုံးနေတဲ့ အနေ အထား အကုန်ပျက် ပြီး ၀ယ်လာကာစ ဖုန်းအသစ်အနေအထားကို ပြန်ရောက်သွားတာ က အားနည်းချက်ပါ..  ။  သိမ်းထားတဲ့ ဒေတာ အချက်အလက်တွေက မိမိ အတွက် အရေးပါတယ်ဆိုရင် တော့  Factory data reset ချပစ်ဖို့ မဖြစ်ဘူးလေ.
ခု ကျွန်တော် ပြောပြ ပေးမှာ က ဖုန်းထဲ က ဒေတာ အချက်အလက်တွေ မပျက်စေပဲ pattern lockကို ပြန်ဖြည်နိုင်မယ့် နည်းလမ်းပါ။

လိုအပ်ချက်များ

Pattern lockကျနေသော ဖုန်းသည် USB Debugging on ထားပြီးသားဖြစ်ရမည်
Root လုပ်ထားပြီးသားဖြစ်ရမည်။
ဖုန်း နှင့် သက်ဆိုင်သော ADB Driver ကို Computerတွင် Install လုပ်ထားရမည်။

ဒါတွေ အားလုံးပြည့် စုံမယ်ဆိုရင်တော့ ရှေ့ ဆက်လို့ ရပါပြီ..

ဒီဖိုင်လေးကို ဒေါင်းလိုက်ပါ။
click here to download

ပြီးရင် Desktop ပေါ်ဖြစ်ဖြစ် အဆင်ပြေတဲ့ တစ်နေရာမှာ Zip ဖြည် ပေးလိုက်ပါ။
ပြီးရင် ရလာတဲ့ ဖိုဒါထဲကAndroidSystemTool.bat ကို run ပေးလိုက်ပါ
press any key to continue  ပေါ်လာရင် enter ခေါက်ပေးလိုက်ပါ...
နောက်ထပ် ပေါ်လာရင် ထပ်ပြီး enter ထပ်ခေါက်ပေးပါ။
ဖုန်း က Restartကျသွားပြီးပြန်တက်လာရင် Pattern lock မရှိတော့ ပါဘူး..

ဒါဆိုရင်တော့ သင်ဟာ ဖုန်းထဲ့ ကဒေတာ တွေ မပျက်စေပဲ Pattern lock ဖြည်ခြင်း အောင်မြင်စွာ လုပ်ဆောင်ပြီးပြီဖြစ်ပါတယ် ။

ကျေးဇူးတင်ပါတယ်

အဆင်ပြေပါစေ။

Author : KoAnnKu

No comments:

Post a Comment