Wednesday, April 22, 2015

Xiaomi Redmi 1s ကို Root လုပ်နည်း




Image result for xiaomi fastboot logoXiaomi Redmi 1s ကို Root လုပ်နည်း

Xiaomi ဖုန်းတော်တော်များများ မှာ Theme ကနေ ဖောင့် ပြောင်းသုံးလို့ ရပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း MIUI Version အမြင့် မှာ Market က Theme မဟုတ်ရင် ပေးမပြောင်းတော့ ပါဘူး။ ဒီလိုဆိုတော့ Root လုပ်မှကိုရတော့ မှာပါ.။

    ခု Xiaomi Redmi 1s အတွက် Root လုပ်နည်းကို ပြောပြပေးပါမယ်။

ဈေးကွက်ထဲမှာ RedMi 1s က အရောင်းသွက် အသုံးများ ဟန်းဆက် ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဟန်းဆက်ဘယ်လောက်ကောင်းတာကို ပဲ ကိုင်ကိုင် မြန်မာစာ သုံးလို့ မရဘူးဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး.။

Xiomi RedMi 1s ကို Root လုပ်မယ်ဆိုရင် လိုအပ်တာတွေ ကတော့ 

    ၁။ မရယ်ရဘူးနော်  RedMi 1s ဖုန်းတစ်လုံးလိုအပ်ပါမယ်  :D
    ၂။ Recovery အသုံးပြုတတ်ရပါမယ်  (ဒါကတော့ မခက်ပါဘူးနော)
    ၃။ လိုအပ်တဲ့ ဖိုင်လေးတွေ ဒေါင်းဖို့ လိုပါမယ် ( အောက်မှာ လင့် ပေးထားပါတယ်)
    ၄။ စိတ်ရှည်ရပါမယ် ။
   

ပြုလုပ်ပုံအဆင့် ဆင့် 

    ၁။ အောက်မှာပေးထားတဲ့  "update.zip" ဖိုင်ကို  download လုပ်ပေးပါ။ပြီးရင် ဖုန်းရဲ့ internal storage မှာထည့် ထားပေးပါ။
    ၂။အောက်မှာ ပေးထားတဲ့  SuperSu.zip ဖိုင်ကို download လုပ်ပေးပါ။ ပြီးရင် SD card ထဲ ထည့် ထားပေးပါ။
    ၃။ Update app ထဲကို ၀င်ပါ.. ပြီးရင် Menu Key ကို နှိပ် လိုက် ပြီး Reboot to recovery ကိုရွေးပေးပါ။
    ၄။ Recovery Menu ပေါ်လာရင် English ကိုရွေးပေးပါ။
    ၅။ Apply update to system ကိုရွေးပေးပါ။ ပြီးရင် confirm ကို နှိပ်ပေးပါ။
    ၆။ ပြီးရင် Reboot system  လုပ်ပေးပါ။
    ၇။ Reboot ပြန်တက်လာပြီးရင် Update app ကို ပြန်ဝင်ပါ။ Reboot to recovery ပြန်လုပ်ပါ။
    ၈။ Install zip > choose zip > choose zip from external sd ကို အဆင့် ဆင့် သွားပေးပါ။ ပြီးရင် SuperSu zip
        ဖိုင် ကိုရွေးပြီး Flash လုပ်ပေးလိုက်ပါ။
    ၉။ Flashing process ပြီးသွားရင် Reboot system လုပ်ပေးပါ။ Fixing recovery လုပ်မလားမေးလာခဲ့ ရင် Yes          နှိပ်ပေးပါ။
    ၁၀။ ဒါဆိုရင်တော့ Xiaomi RedMi 1s ကို Root လုပ်ခြင်း ပြီးပါပြီ။

မြန်မာဖောင့် အတွက် ကတော့  mmaio font changer နဲ့ အဆင်ပြေပါတယ်။ အားလုံးစမ်းသပ်ထားပြီးသားပါ။ ဒါပေမယ့် ထုံးစံ အတိုင်းပေါ့ နော်   "Do it at your own risk"  :D..


Download link

Update zip
SuperSu zip




ပိုစ့် ရေးသားသူ  :  KoAnnKu

2 comments:

  1. ui 7.0.2.0 မှာရောဒါနဲ့ရလားဗျ

    ReplyDelete
  2. Appကဖွင့်မရဘူး

    ReplyDelete