Android ဖုန်းမှာ မြန်မာစာထည့် တော့ မယ်ဆိုရင် နည်းလမ်း အများကြီးရှိပါတယ်..
အဲ့ ဒီအထဲ ကမှ ကျွန်တော်တို့ ခုလက်ရှိသုံးနေတဲ့  အဆင်အပြေဆုံး Font Changerကတော့ ကိုကျော်စွာသွင်ရေးသားထားတဲ့  Smart Zawgyi 2 အမည်ရှိတဲ့  font changer ပဲဖြစ်ပါတယ်။ ဒီ font changer ကတော့  ဖုန်း ကနေ အသုံးပြုရမှာ မဟုတ်ပါဘူး။ ကွန်ပျူတာ ကနေ ဖုန်း ကို ကြိုးနဲ့ ဆက်သွယ်ပြီး ADB mode ကနေတစ်ဆင့် ထည့် သွင်းရမှာဖြစ်ပါတယ်... ဖုန်းဟမ်းသွားခြင်း လိုဂိုရပ် သွားခြင်းလုံးဝမရှိပါဘူး။
ဒီနည်း ကို အသုံးပြုပြီး မြန်မာဖောင့် ထည့် မယ်ဆိုရင် လိုအပ်တာတွေကတော့ 
၁။ ကွန်ပျူတာတစ်လုံး
၂။ မြန်မာစာထည့် သွင်းချင်သောဖုန်း တစ်လုံး
၃။ ဖုန်း၏ သက်ဆိုင်ရာ Driver ကို Computer တွင် ထည့် သွင်းထားပေးပါ။
၎။ Smart Zawgyi 2 Zip file ကို download လုပ်ထားပေးပါ
၅။ ဖုန်းက Root လုပ်ထားပြီးသားဖြစ်ရပါမယ်။
ထည့် သွင်းနည်း အဆင့် ဆင့် 
၁။ အရင် ဆုံးဖုန်းမှာ USB debugging ကို On ထားပေးပါ။
၂။ ဖုန်းရဲ့ သက်ဆိုင်ရာ Driver ကို install လုပ်ထားပြီးပြီ ဆိုရင် ဖုန်း နဲ့ ကွန်ပျူတာ ကို USB ကြိုးနဲ့ ဆက်သွယ်ပေးပါ။
၎။ computer မှာ Allow usb debugging ဆိုပြီးမေးလာခဲ့ ရင် Allow ကို နှိပ်ပေးပါ.
၅။ download လုပ်ထားတဲ့  Smart zawgyi zip ဖိုင် ကို အဆင်ပြေတဲ့ တစ်နေရာရာ မှာ Extract (ဖြည်ထုတ်) ပေးထားလိုက်ပါ။
၆။ Smart zawgyi 2 folder ထဲ က installer.bat ဖိုင် ကို Double click နှိပ်ပေးပါ..
၇။ computer မှာ command prompt တက် လာပြီး ခဏနေရင် ဖုန်း မျက်နှာပြင် မှာ Super user access လာမေးပါလိမ့် မယ် ။ Allow (သို့မဟုတ် အချို့ ဖုန်းတွေ မှာ) Grant ကို နှိပ်ပေးလိုက်ပါ.
၈။ ဖုန်း က အော်တို ပိတ်သွားပါလိမ့် မယ် ... ဒီတိုင်း ထားလိုက်ပါ .. ခဏနေရင် ပါဝါ ပြန်တက် လာပါမယ် ...
၉။ နှစ်သက်ရာ မြန်မာစာ ကီးဘုတ် တစ်ခုကို ထည့် သွင်းလိုက်ပါ
၁၀။ ဒါဆိုရင်တော့  ဖုန်း တစ် လုံးမှာ မြန်မာစာ ထည့် သွင်းခြင်း ကိုအောင် မြင်စွာ ပြုလုပ်ပြီး ဖြစ်ပါပြီ။
Click here to download
အဆင်ပြေပါစေ။
Author : KoAnnKu
ခေတ်သစ်နေ (မိုဘိုင်း နည်းပညာ)

No comments:
Post a Comment