Wednesday, May 20, 2015

Android ဆိုတာဘာလဲ

What is Android ( Operating System )

Android ဆိုတာဟာ သယ်ဆောင်အသုံးပြုနိုင်တဲ့  Computing Devices တွေ အတွက် စက်လည်ပတ်မှု့ စနစ် ( Operating System ) တစ်ခု ဖြစ်ပါတယ်။..
Android operating system ဟာ Linux Kernel ပေါ်မှာအခြေခံထားပြီးတော့  လက်ရှိမှာ Google Company ကနေ ဆက်လက် လုပ်ကိုင်လည်ပတ် ပေးနေပါတယ်။  Android devices တွေ ဟာ Direct manipulation လို့ ခေါ်တဲ့  တိုက်ရိုက် ထိတွေ့ ဆောင် ရွက်မှု့ ကို ဦးစားပေးထားတာကြောင့်  အရင် တုန်း က ခလုပ်ဖုန်းတွေ ထက် အများကြီး အသုံးပြုရလွယ် ကူ အဆင်ပြေစေပါတယ်။

Android operating system ကို မိုဘိုင်းဖုန်းတွေ နဲ့  တက်ဘလက် တွေ မှာ တွေ့ ဖူးကြမှာပါ။

အခြား အတွေ့ ရနည်းပေမဲ့ Android ကို အသုံးပြုထားတဲ့  devices တွေလည်းရှိနေပါသေးတယ်. 

Television (Android TV)
Cars (Android Auto)
Wrist Watch (Android Wear)
လက်ကိုင်ဂိမ်းကစားစက် (Handheld Game player)
Digital Camera တို့ ဖြစ်ပါတယ်။

Android devices တွေ မှာ Screen (မျက်နှာပြင်) ပေါ်မှာရှိနေတဲ့ icon , menu , button , စာသားတွေ ကို  နှိပ်ဖို့ ၊ ထိတွေ့ လုပ်ဆောင်ဖို့ ကို လက်ချောင်းလေးတွေနဲ့ ထိသွားရုံပါပဲ။ ဒါကို Touch interface လို့ ခေါ်ပါတယ်။ 

Touch input က အဓိက အနေနဲ့ 

Swipe လို့ ခေါ်တဲ့ ပွတ်ဆွဲတာ
Tapping လို့ ခေါ်တဲ့ လက်နဲ့ တစ်ချက် နှိပ်ပေးတာ
Pinching and reverse pinching လို့ ခေါ်တဲ့ လက်ချောင်းနှစ်ချောင်း ကို အသုံးပြုပြီး ချုံ့ တာ ချဲ့ တာ တွေကို အသုံးပြုနိုင်ပါတယ်။

စာသားတွေ ရိုက်သွင်းဖို့ ကိုတော့  ဖုန်း Screen ပေါ်က Virtual keyboard ကနေ တစ်ဆင့် ထည့် သွင်းနိုင်ပါတယ်။

2015 ခုနှစ် က စစ် တမ်း အရ Android operating system ဟာကမ္ဘာပေါ်မှာ အသုံးမြုမှု့ အများဆုံး Mobile operating system ဖြစ်နေခဲ့ ပါပြီ။

Android ရဲ့ ပင်မ အဖွဲ့ အစည်း ဖြစ်တဲ့  Android Inc ဟာ ကယ်လီဖိုးနီးယာပြည်နယ် ပါလို အယ်တို (Palo Alto) မှာ အောက်တိုဘာ ၂၀၁၃ က စတင်တည်ထောင်ခဲ့ ပါတယ်။ Andy Rubin နဲ့  Rich Miner တို့ ကဦးဆောင်ခဲ့ တာပါ။

August 17 , 2015 မှာ Google က Android Inc ကို ၀ယ်ယူလိုက်ပါတယ်။

Android operating system ကိုအသုံးပြုထားတဲ့  ပထမဆုံး Smart phone ကတော့  HTC Dream ဖြစ်ပြီး အောက်တိုဘာ ၂၂ ၊၂၀၀၈ ခုနှစ်မှာ စတင်ပေါ်ထွက်လာခဲ့ ပါတယ်။

Android operating system ကို Open sources အနေနဲ့ သတ်မှတ်ပေးထားခဲ့ တာကြောင့်  ဖုန်းကုမ္ပဏီ တွေ ဟာ Android operating system ကို အခမဲ့ ရယူနိုင်ကြပြီး ..  မိမိတို့ နှစ်သက်ရာ အသွင်အပြင် ဒီဇိုင်းတွေ နဲ့ ပြန်လည်ရေးသားအသုံးပြုခဲ့ ကြပါတယ်... အဓိက အဲ့ ဒီ အချက်ကြောင့် လည်း Android ဟာ အသုံးအများဆုံး Operating system ဖြစ်လာခဲ့ ရပါတယ်။..


Android ကို လူကြိုက်များရတဲ့ အဓိက အချက်တွေ ထဲမှာ လိုသလို ပြုပြင်အသုံးပြုနိုင်တာ ကြောင့်လည်းပါပါတယ်။  ပုံမှန်ဆိုရင် Android phone အသစ်တလုံးဝယ်လိုက်ပြီဆိုရင် Phone Manufacture (ထုတ်လုပ်သူ)  ကနေ ထည့် သွင်းပေးလိုက်တဲ့  Original Home launcher တစ်မျိုးမျိုး ပါလာပါလိမ့် မယ် ..  Phone Manufacture ပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်  

ဒါပေမယ့် သင် က ဒါကိုမနှစ်သက် ခဲ့ ဘူးဆိုရင် သင်ကြိုက်နှစ်သက်ရာ Home Launcherကို install လုပ်ပြီးပြောင်းလဲ အသုံးပြုနိုင်ပါတယ်။  ဖုန်း တစ်ခုလုံးရဲ့ အသွင်အပြင်ကို သင်ကြိုက်နှစ်သက်သလို
ပြုပြင်ပြင်ဆင် အသုံးပြုနိုင်ပါတယ်။

နောက်တစ်ချက်အနေနဲ့  Android OS အတွက် Apps တွေအများကြီးရရှိနိုင်ပါတယ်။  Google က ပေးထားတဲ့  Google playstore အပြင် တစ်ခြား Third party appstore တွေအများကြီး ကနေ လည်း ရယူနိုင်ပါသေးတယ်။ ဖုန်းအချင်းချင်း လည်း apps, games တွေ ကို ဝေမျှအသုံးပြုနိုင်ပါတယ်။

အရမ်းကို ကလိ တတ်တဲ့ နည်းပညာစိတ်ဝင်စားတဲ့ လူငယ်တွေဆိုရင် ပိုတောင်ကောင်းပါသေးတယ် ... မိမိဖုန်းကို ကုမ္ပဏီ က ပေးထားတဲ့ Stock Rom (firmware) မဟုတ်တဲ့ အခြား Custom
firmware တွေ ကို လည်း အသုံးပြူနိုင်တဲ့ အတွက် မိမိဖုန်း ဟာ မိမိ စိတ်ကြိုက် လိုသလို အသုံးပြုနေနိုင်တာ ဟာ အရမ်းကို အဆင်ပြေစေတဲ့ အချက်တွေ ပ့ါ။

ဒါပေမဲ့ ဒီလို လွတ်လပ်မှု့ တွေ နဲ့ အတူ တာဝန်ယူမှု့ တွေလည်းပါဝင်လာပါလိမ့် မယ်..။။ သင့် ဖုန်းပေါ်မှာ ပြုပြင်ပြောင်းလဲ မှု့ လုပ် သမျှတွေ အတွက် သင့် မှာသာ တာဝန်ရှိပါလိမ့် မယ်။  ဥပမာ
Online မှာတွေ့ တဲ့ Application တစ်ခုခု ကို အသုံးပြုလိုက်လို့ သူများဖုန်းတွေ အဆင်ပြေပေမယ့်  မိမိဖုန်းမှာ ရချင်မှ ရပါလိမ့် မယ် ...  တစ်ခါတစ်လေ အမှားတွေ လုပ်မိလို့ ဖုန်း ပါဝါ တက်မလာတာမျိုးတွေ အထိ ဖြစ်တတ်ပါတယ်။။ ဒါမျိုးတွေ ဖြစ်ခဲ့ ရင် Stock Rom ပြန်လည် ထည့် သွင်းခြင်းဖြင့် ပြန်လည်ကောင်းလာအောင် ပြုပြင်ပေးရပါမယ်။ 

နောက်ထပ် Android နဲ့ ပက်သက်လို့ သိသင့် တာကတော့  Root လုပ်တာပါ။  ကျွန်တော် တို့ သိထားတာ ကတော့  မြန်မာစာ မပါ တဲ့ ဖုန်းတွေ မှာ မြန်မာစာထည့် ချင်တဲ့ အခါမျိုးမှာ Root လုပ်ပြီးမှ
မြန်မာဖောင့် ထည့် ရတယ်လို့ သိထားကြပါတယ်။  အမှန်မှာတော့ Root လုပ်ရတဲ့ အကြောင်းရင်းက ဒီထက်အများကြီး ကျန်နေပါသေးတယ်။  Root မလုပ်ရသေးတဲ့ ဖုန်း တွေမှာဆိုရင် လုပ်ဆောင်နိုင်စွမ်းတွေရှိနေပေမယ့်  အပြည့် အ၀ တော့ မရနိုင်ပါဘူး။  ဖုန်းကို Root လုပ်လိုက်ပြီဆိုရင် ဖုန်းရဲ့  system ဖိုင်တွေ အထိပြုပြင်ပြင်ဆင်ခွင့် ရသွားတာကြောင့်  နောက်ထပ်အများကြီးထပ်ပြီး လုပ်ဆောင်နိုင်လာမှာပါ။  ဥပမာ အနေနဲ့  Original နဲ့ ပါလာတဲ့  မိမိ မနှစ်သက်တဲ့  App တွေကို ဖြတ်ထုတ်နိုင်ပါမယ် ။  အခြား Root access လိုအပ်တဲ့  Tatanium backup , Root explorer , Games hack တဲ့  apps တွေ အစရှိသဖြင့် အများကြီးပိုမိုလုပ်ဆောင်နိုင်လာပါမယ်။

ဒါတွေက ခုမှ Android ဖုန်းစတင်သုံးမယ့် သူတွေ အတွက် အနည်းအကျဉ်းသိသင့် တာလေးတွေပါ။...
ဒီပို့ စ် ရဲ့ အဆုံးသတ် အနေနဲ့  ထွက်ရှိခဲ့ ပြီးတဲ့  Android operating system version တွေကို ပြောပြပေးပါမယ် ။  အတော်များများ လည်းသိပြီးဖြစ်ကြမှာပါ။ Android version တွေ ဟာ စားစရာ အမည် တွေနဲ့  English အက္ခရာ အစဉ်လိုက် ထွက်ရှိခဲ့ တာပါ။
အဲ့ ဒါတွေ ကတော့ 

Version 1                 Alpha
Version 1.2              Beta
Version 1.5              Cupcake
Version 1.6              Donut
Version 2.0              Eclair
Version 2.2-2.3       Froyo
Version 2.3-2.3.7    GingerBread
Version 3.0             Honeycomb
Version4.0-4.0.3    Icecream Sandwich
Version 4.1-4.3      JellyBean
Version 4.4-4.4.4   Kitkat
Version 5.0-5.0.2   Lollipop တို့ ပဲဖြစ်ပါတယ်.။

Author : KoAnnKu
Ref      : Wikipedia

ခေတ်သစ်နေ (မိုဘိုင်းနည်းပညာ)

1 comment:

  1. sony xperia p ကိုမြန်မာဖောင့်ကိုယ်တိုင်သွင်းချင်လို့ပါ...နည်းလမ်းများရှိရင်ပြောပြပေးပါအကို.......ကျေးဇူးပါနော်...

    ReplyDelete