Tuesday, May 12, 2015

Windows 8 တွင် Driver အဟောင်းများအား ဖယ်ရှားခြင်း






Windows 8  အသုံးပြုသူတွေ အနေနဲ့  Windows 8 ရဲ့ System အတွင်းမှ အသုံးမလိုတော့တဲ့ Driver အဟောင်းတွေကို ဖယ်ရှားရှင်းလင်း ချင်တယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း ဖယ်ရှားရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဖယ်ရှား ရှင်းလင်းလိုက်တဲ့ အတွက် ကိုယ့်ရဲ့ Windows System အတွင်းမှ လုပ်ဆောင်ချက်တွေ ပိုမိုမြန်ဆန်လာအောင် လုပ်ဆောင်နိုင်သလို အထောက်အပံ့ မဖြစ်တော့တဲ့ Driver အဟောင်းတွေကြောင့် Windows System တစ်ခုလုံး ပိုမိုလျင်လျင်မြန်မြန်  အလုပ်လုပ် ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Driver အဟောင်းတွေကို ဖယ်ရှားရှင်းလင်းမယ်ဆိုရင် ပထမဆုံး Win + X ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Command Prompt (Admin) ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Command Prompt ကျလာမှာ ဖြစ်ပါတယ်။ Command Prompt ကျလာရင် Command Prompt ထဲမှာ SET DEVMGR_SHOW_NONPRESENT_DEVICES=1 ဆိုတဲ့ Command ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါ တယ်။ ဒါဆိုရင် ကိုယ့်ရဲ့ Windows 8 စနစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ Driver အဟောင်းတွေကို ဖယ်ရှားရှင်းလင်း ပေးသွားမှာ ဖြစ်ပါတယ်။
အကယ်၍ Windows Vista နဲ့ Windows 7 တို့ပေါ်ကနေ လုပ်ဆောင်လိုသူတွေအတွက်ကတော့ Device Manager ကို ဖွင့်ရမှာ ဖြစ်ပါတယ်။ Device Manager ကို Windows 8 မှာလို Win +  X နဲ့ ဖွင့်လို့မရဘူးဆိုရင် Search Box ထဲမှာ Device Manager ကို ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။ Device Manager ထဲ ရောက်ပြီဆိုရင် View အောက်က Show Hidden Device ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ပြီးသွားရင် Driver အဟောင်းတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။ တွေ့ပြီဆိုရင် Right Click နှိပ်ပြီး Uninstall ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီအဆင့် ပြီးသွားပြီဆိုရင်တော့ Windows 8 မှာမလိုအပ် တဲ့ Driver တွေကို ဖယ်ရှားရှင်းလင်းတဲ့ အဆင့်တစ်ခု ပြီးသွားပြီဖြစ်ပါတယ်။ အကယ်၍ အခြား Driver များကိုလည်း ဖယ်ရှား ရှင်းလင်းချင်တယ်ဆိုရင် အထက်ဖော်ပြပါ နည်းလမ်းများအတိုင်း အလွယ်တကူနဲ့ ဖယ်ရှား ရှင်းလင်းပစ်နိုင်မှာ ဖြစ်ပါတယ်။
by သီဟ
Internet Journal
ခေတ်သစ်နေ (မိုဘိုင်းနည်းပညာ)













No comments:

Post a Comment