Tuesday, June 23, 2015

Huawei Emotion UI ဖုန်းများအတွက် Root မလို မြန်မာဖောင့် 

Huawei ရဲ့  အခုနောက်ပိုင်းလာတဲ့ ဖုန်းတွေ က Emotioin UI နဲ့ လာတာများပါတယ်။  မြန်မာစာလည်းတစ် ခါတည်း ထည့် ထားပေးတတ်ပါတယ်။  တစ်ကယ်လို့ သင့် ဖုန်း က emotion UI ကိုလည်း သုံးထားမယ် . ။ မြန်မာစာလည်း မပါသေးဘူးဆိုရင် ဒီနည်း ကို အသုံးပြု ပြီး မြန်မာစာ ထည့် သွင်းနိုင်ပါတယ်။

ဒီနည်းနဲ့ မြန်မာစာ ဖောင့် ထည့် မယ်ဆိုရင်  .HWT နဲ့  နာမည် အဆုံးသတ်ထားတဲ့  Huawei Theme ဖိုင် လိုအပ် ပါတယ်။

theme ဖိုင်ကို download လုပ်ပြီးပြီဆိုရင်  သင်  Default storage ဘာကို ထားထားလဲ ဆိုတာ တစ်ချက် ပြန်စစ်ဆေးကြည့် ပေးပါ။

sd card ကို ထားထားမယ်ဆိုရင်  sd card ထဲ က hwtheme ဆိုတဲ့  folder ထဲကို .hwt ဖိုင်ကို ပြောင်းထည့် ပေးလိုက်ပါ။

ပြီးရင် ဖုန်း ရဲ့  homescreen  ပေါ်က THEME ဆိုတဲ့  app  ထဲကို ၀င် ပြီး မိမိထည့် ထားတဲ့ မြန်မာဖောင့် ပါတဲ့  hwt ဖိုင်ကို ရွေးပြီး Apply နှိပ်ပေးလိုက်ရင် ရပါပြီ။ 

Click Here To download

ခေတ်သစ်နေ (မိုဘိုင်းနည်းပညာ)

Author : KoAnnKu

No comments:

Post a Comment