Monday, June 8, 2015
Mobile phone camera နဲ့  ဓါတ်ပုံကောင်းလေးတွေရိုက်နိုင်စေမဲ့  အချက် ၁၀ ချက်
Mobile phone camera နဲ့  ဓါတ်ပုံကောင်းလေးတွေရိုက်နိုင်စေမဲ့  အချက် ၁၀ ချက်
လွန်ခဲ့ တဲ့ နှစ်တွေတုန်းက ကျွန်တော် တို့ အပြင်သွားရင်  camera က သက်သက် mp3 player ကသက်သက် ဖုန်းက သက်သက် တစ်ခုစီသယ်ခဲ့ ရပါတယ်။..   ခုဆို ဖုန်းတစ်လုံးမှာတင် အကုန်လုံးပါနေပါပြီ။   အချိန်နဲ့ အမျှ ဖုန်း ကင်မရာတွေ ရဲ့ အရည်အသွေးတွေ ကဆက်တိုက်တိုးတက်လာနေခဲ့ ပါတယ် ။   ဒါပေမဲ့  Professional သုံး Camera တွေကိုတော့ အစားထိုးနေရာယူဖို့ မဖြစ်နိုင်သေးပါဘူး။  ဒါပေမယ့် မှန်ကန်သင့် တော်တဲ့ နည်းလမ်းတွေ  Settings အချိန်အဆတွေနဲ့ အသုံးပြုခဲ့ မယ်ဆိုရင်တော့ သင့် ဖုန်းရဲ့ ကင်မရာဟာ သင့် အတွက်တော့  အကောင်းဆုံး ခရီးဆောင်  Camera တစ်ခု ဖြစ်လာမှာပါ။ ဒါကြောင့် သင့် ဖုန်း ကို သင့် ရဲ့ အကောင်းဆုံး ခရီးဆောင် ကင်မရာ ဖြစ်လာစေဖို့  အထောက်အကူ ဖြစ်မယ့် အချက် အလက်လေးများကို ကြည့် လိုက်ကြရအောင်ဗျာ။
၁။ အလင်းရောင် ကောင်းမွန်လုံလောက်စွာရပါစေ။
          အလင်းရောင် ကောင်းကောင်းရမှသာ ပုံကောင်းတစ်ပုံဖြစ်လာမှာမို့ ဒါ က အခြေခံလိုအပ်ချက်ပါ။  နေ့  အလင်းရောင် ကောင်းမွန်စွာရတဲ့ နေရာတွေ မှာ ပုံကောင်းတွေ ရိုက်နိုင်မှာဖြစ်ပြီး တစ်ကယ်လို့  Indoor ရိုက်ရမယ်ဆိုရင်တော့ အခြား တစ်နည်းနည်းဖြင့် အလင်းရောင် အကူအညီလိုပါမယ်။ ဒီလိုမျိုး အခြားအလင်းရောင် (မီး၊မှန်) တို့ ကို သုံးမယ်ဆိုရင် White Balance ကိုတော့ ချိန်ညှိတတ်ဖို့ လိုလာပါမယ်။
၂။ သင်ရိုက်ယူလို သော Subject နှင့် Camera ကို မနီးလွန်း မဝေးလွန်းသော နေရာမှာသာရှိနေပါစေ။
          ဖုန်းကင်မရာများ က တိုးတက်ကောင်းမွန်လာတယ်ဆိုပေမဲ့  ဝေးလွန်းတဲ့ နေရာ က ပုံတွေ ဆိုရင်တော့ ကြည် လင်ပြတ်သားစွာမြင်ရမှာမဟုတ်ပါဘူး.။  နောက်တော့ တစ်ချို့ ဖုန်း ကင်မရာတွေမှာ Macro ဒါမှမဟုတ် close focusing mode မပါခဲ့ ဘူးဆိုရင် လည်း အနီးကပ်ရိုက်မယ်ဆိုရင် သိပ်ကြည်မှာမဟုတ်ပါဘူး။..
၃။  လက်ညိမ်ပါစေ။
          Digital Camera ကိုင်သူတိုင်းသိမှာပါ လက်ညိမ် လေ ပုံပိုကောင်းလေပါပဲ။ အလင်းရောင်နည်းတဲ့ အချိန်မျိုးဆိုပိုသိသာပါတယ် .. လက်အနည်းငယ်လှုပ်သွားတာနဲ့  ပုံပျက်တာပါပဲ။ နောက်တစ်ချက်က  တော့  ဖုန်းကင်မရာတိုင်းလိုလို ရဲ့ အားနည်းချက်ပါ  ။။  Shutter Lag လို့ ခေါ်ပါတယ်။  Shutter ခလုပ် ကို နှိပ်တဲ့ အချိန်နဲ့  တစ်ကယ် ပုံကို ရိုက်ယူတဲ့ အချိန် ကနည်းနည်းနောက်ကျပါတယ်။  ဒါကြောင့်  Shutter Button ကို နှိပ်ပြီးသည့် တိုင်အောင် ပုံရိုက်ယူပြီးတာ သေချာတဲ့ အထိ လက်ကို ညိမ်ညိမ် ကိုင်ပေးရပါမယ်။
၎။  မရိုက် ခင်မှာ filter ၊ Effect ၊ frame ဘာမှမထည့် ပါနဲ့ 
          တစ်ချို့ ဖုန်းတွေမှာ မရိုက်ခင် preview မြင် ရတဲ့  effect camera စနစ်တွေပါလာတတ်ပါတယ်။  ဒါပေမဲ့ အကောင်းဆုံး ကတော့ ရိုက်ပြီးမှသာ ပြန်ပြင်တာ အကောင်းဆုံးပါ။  ဥပမာ သင် ပုံမှန်ရိုက်ထားတဲ့ ပုံတစ်ပုံကို  အဖြူအမဲ ပြောင်း လို့ အဆင်ပြေပေမယ့်  အဖြူအမဲ နဲ့ ရိုက်ထားတဲ့ ပုံကိုတော့  ပုံမှန်ပြန်ထားဖို့ လွယ်မှာမဟုတ်ပါဘူး။
၅။ Digital Zoom ကို ဖြစ်နိုင်ရင် မသုံးပါနဲ့ 
၆။  White balance ကို လိုအပ်သလိုပြောင်းလဲအသုံးပြုကြည့် ပါ။
          ခုနောက်ပိုင်းဖုန်းတွေမှာ ကိုယ်ရောက်နေတဲ့ နေရာပေါ်မူတည်ပြီး White balance ကို ပြောင်းလဲရိုက်ကူးနိုင်တာမျိုးပါလာပါပြီ။
၇။ ပုံတစ်ပုံ အတွက် ပုံအများကြီးထဲကမှရွေးယူပါ
          ဒီဂျစ်တယ် ဖြစ်ရတဲ့ အားသာချက်ပါ။  ဖလင် ကင်မရာ တွေလို ဖလင်နှမြောစရာ မလိုတဲ့ အတွက် ပုံများများသာ ရိုက်ပါ... ရလာတဲ့ အထဲ က အကောင်းဆုံးကို ပြန်လည်ရွေးချယ် အသုံးပြူလို့ ရပါတယ်။
၈။  Camera lens တွေကို သန့် ရှင်းနေပါစေ..
          Camera Megapixels ဘယ်လောက်ပဲများများ lens တွေ မကြည်လင်နေဘူးဆိုရင်ပုံမကောင်းပါဘူး.။။ ဖုန်းကင်မရာတွေဆိုရင်ပိုလို့ သတိထားရပါတယ်။။  ဖုန်းကင်မရာတွေရဲ့ camera lens တွေ က ပွတ်တိုက်မိဖို့  အစင်းထင် ဖို့ အလွယ်ဆုံးနေရာမှာ ရှိနေတာကြောင့် ပါ။
၉။  ကင်မရာ/ ဓါတ်ပုံရိုက်ခြင်းနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို လိုက်နာပါ။
          ကင်မရာနဲ့ ပက်သက်လို့ ပုံသေသတ်မှတ်ထားတာ မဟုတ်ပေမဲ့ လိုက်နာရမယ့် စည်းကမ်းတွေအများကြီးရှိနေပါတယ်။..  ဥပမာ. ပြတိုက် လို ရုပ်ရှင်ရုံလိုနေရာမျိုးမှာ မရိုက်ရပါဘူး.။  သူစိမ်းလူတွေကို main subject အဖြစ်ရိုက်ချင်တယ်ဆိုရင် ခွင့် တောင်းရပါမယ်။ အမှု့ အခင်း သွေးထွက်သံယို မတော်တဆမှု့  ၊ အထင်အမြင်လွဲမှားစေသောပုံများ၊ အရှက်ရစေသောပုံများကို ရိုက်ယူခဲ့ မိတယ်ဆိုရင်တောင် လူမှု့ ကွန်ယက်တွေမှာ ပြန်လည် မဖြန့် ဝေရပါဘူး.။
၁၀။ Megapixels အမြင့် ဆုံးနဲ့ ရိုက်ပါ။
          Camera ရဲ့  settings ထဲမှာ Image settings မှာ Mega pixel ကို အမြင့် ဆုံးထားထားပေးပါ။( Online တင်မယ်ဆိုရင်တော့  Resolution ပြန်လျော့ ချပြီးမှတင်ပါ.)။
အခြား အထောက်အကူဖြစ်စေမယ့် အချက်အလက်တွေ အများကြီးရှိနေသေးပေမယ့် ဒီလောက်ဆိုရင်  အတော်လေး ကောင်းကောင်းမွန်မွန် ရိုက်လာနိုင်စေမှာပါ။
ခေတ်သစ်နေ (မိုဘိုင်းနည်းပညာ)
Author : KoAnnKu
No comments:
Post a Comment