Tuesday, April 28, 2015

Samsung Ativ Book 9

အားသာချက်

Samsung မှ ထုတ်လုပ်လိုက်သော ၁၂ လက်မ အရွယ်ရှိ အလွန်ပါးလွှာသည့်  Ativ Book 9 တွင် port များစွာ ပါဝင်သည်။ ၎င်း laptop တွင် Core M ပရိုဆက်ဆာ အသုံးပြုထားသည့် Windows  စနစ် ပါဝင်သောကြောင့် ဘက်ထရီသက်တမ်း တာရှည်ခံသည်။

အားနည်းချက်

သို့သော်လည်း Apple ၏ ၁၂ လက်မ အရွယ်ရှိ Macbook ထက်ဘက်ထရီ တာရှည်ခံမှု မရှိသလို ဈေးနှုန်းလည်း ပိုမိုမြင့်မားသည်။ ထို့အပြင် Samsung Ativ Book 9 တွင် touch screen နှင့် small touch pad တို့လည်း ပါဝင်လာခြင်း မရှိပေ။

အသေးစိတ်ဖော်ပြချက်

Samsung Ativ Book 9 ၏မျက်နှာပြင်အရွယ်အစားမှာ ၁၂ လက်မရှိပြီး ရုပ် ထွက်အရည်အသွေးမှာ 2,560x1,600 ဖြစ်သည်။ အဆိုပါ laptop ၏ပရိုဆက်ဆာမှာ 1.1 Ghz Intel Core M ကို အသုံးပြုထားသည်။ ထို့အပြင် memory 4GB နှင့် storage 125GB SSD ကို အသုံးပြုထားပြီး 2005MB Intel HD Graphics လည်း ပါဝင်လာသည်။ Samsung Ativ Book 9 တွင် Windows 8.1 (64 bit) ကို အသုံးပြုထားသည်။

ဘက်ထရီ

Samsung Ativ Book 9 ၏ ဘက်ထရီသက်တမ်း စမ်းသပ်မှုတွင် ၇ နာရီ ၃၇ မိနစ်အထိ ဗွီဒီယိုများကို ကြည့်ရှုနိုင်ကြောင်း သိရသည်။ သို့သော်လည်း အင်တာနက် အသုံးပြုပါက ၇ နာရီခန့်အထိသာ အသုံးပြုနိုင်မည် ဖြစ်သည်။
creditး Internet Journal

No comments:

Post a Comment