ခုနောက်ပိုင်း အဖြစ်များနေတဲ့  error ထဲမှာ Viber ထဲမှာ contact မပေါ်တာ လည်း အတွေ့ ရများပါတယ်
ဒီ error ကို အတွေ့ ရများတာ ကတော့ မြန်မာနိုင်ငံရဲ့ ဇာတ်လိုက်ကျော်ကြီး Huawei ဖုန်းတွေမှာ အတွေ့ ရများပါတယ်။
ဒီ error ကို အလွယ်ဆုံးရှင်း တဲ့ နည်း ကတော့  အရင်ဆုံး Uninstall လုပ်လိုက်တာ ပိုအဆင်ပြေပါလိမ့် မယ်။ မလုပ်ရင် လည်းရပေမဲ့ အခက်အခဲ အနည်းငယ်ရှိလာနိုင်လို့ ပါ..
ပြီးရင် file manager ကပဲ ဖြစ်ဖြစ် 1 mobile တို့  Mobogenie တို့ လို Online Market app တစ်ခုခုကနေဖြစ်ဖြစ် install ပြန်လုပ်ပေးပါ။ ဒီမှာ စပြီး သတိထားရမှာပါ. Install ပြီးသွားရင် အမှန်ဖြစ် ပေးရမဲ့ နေရာ ပေါ်လာပါလိမ့် မယ် အားလုံး ကို အမှန်ခြစ်ပေးရပါမယ်။
viber app ကို ဖွင့် လိုက်လို့  viber needs to access contacts ဘာညာ ပေါ်လာရင် လည်း allow နှိပ်ပေးလိုက်ပါ။
huawei ဖုန်းတွေ မှာဆိုရင် setting > permission manager > applications ကို သွားပါ..
viber ကို နှိပ်ပြီးဝင်လိုက်ပါ။ trust this application ကို ဖွင့် ပေးလိုက်ပါ။
ဒါဆိုရင်တော့ အားလုံး အဆင်ပြေသွားပါလိမ့် မယ်။
Author : KoAnnKu
No comments:
Post a Comment