Friday, May 8, 2015

Firefox Browser တွင် Video များကို Pop Out ဖြင့် ကြည့်ရှုခြင်း



l


Firefox Browser ပေါ်ကနေ Youtube, Dailymotion တို့ကလို  Video ဖိုင်တွေ ကြည့်ရှုတာပဲဖြစ်ဖြစ်၊ အခြား Video  တွေကို ကြည့်ရှုတဲ့ အခါမှာပဲဖြစ်ဖြစ် Browser ပေါ်ကနေ ဒီအတိုင်း ကြည့်ရှုမယ်ဆိုရင် အခြားသော Tab တွေ ပေါ်မှာ ဆက်လက် အလုပ်လုပ်ဆောင် နိုင်ခြင်းရှိမှာ မဟုတ်ဘဲ လက်ရှိရောက်ရှိနေတဲ့ Tab တစ်ခုထဲမှာသာ Video ကြည့်ရှုမှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ Video ကိုလည်း ကြည့်ရှုမယ်၊ အခြားအလုပ်တွေလည်း ဆက်လက်လုပ်ဆောင် ချင်တယ်ဆိုရင် Firefox မှာ Pop Out တစ်ခုပြုလုပ်ပြီး Video ဖိုင်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Firefox မှာ Pop Out ပြုလုပ်ဖို့အတွက် Firefox ရဲ့ Add On တစ်ခုကို ထည့်သွင်း အသုံးပြုရမှာ  ဖြစ်ပါတယ်။ ထည့်သွင်း အသုံးပြုရ မယ့် Add On အမည်ကတော့ Pop  Video ဆိုတဲ့ Add On ပဲဖြစ်ပါတယ်။ Pop Video Add On ကို ရှာဖွေမယ်ဆိုရင် Mozilla ဆိုက်ရဲ့ Add On စာမျက်နှာက Search Box ကနေ ရှာဖွေနိုင်သလို အတိအကျ သွားရောက် ချင်သူတွေအတွက် http://goo.gl/0ntgwl ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာကနေ သွားရောက်ပြီး ရယူနိုင်မှာ ဖြစ်ပါတယ်။ Firefox Add On ဖြစ်တဲ့ Pop Video ရှိတဲ့ စာမျက်နှာကို ရောက်ပြီဆိုရင် Add to Firefox ဆိုတဲ့ Button လေးကို နှိပ်ရမှာ ဖြစ်ပါတယ်။ Add to Firefox ဆိုတဲ့ Button လေးကို နှိပ်လိုက်ရင် သက်ဆိုင်ရာ Add On ကို Download ဆွဲသွားမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Install Now ဆိုတဲ့ Button ကို ကလစ်နှိပ် လိုက်ရမှာဖြစ်ပါတယ်။ Install ပြုလုပ်ပြီးသွားတဲ့ အခါမှာတော့ Firefox Browser ကို Restart ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Firefox Browser ကို Restart ပြုလုပ်ပြီးသွားပြီ ဆိုရင်တော့ Browser ထဲမှာ Pop Video Add On ကိုထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။ Pop Video Add On ကို အသုံးပြုဖို့အတွက် Youtube ကဲ့သို့ Video ဖိုင်တွေရှိတဲ့ ဝက်ဘ်ဆိုက် တစ်ခုခုကို သွားလိုက်ပါ။ ပြီးသွားရင် ကိုယ်ကြည့်ရှုချင်တဲ့ Video ဖိုင်ကို ရွေးချယ်ပြီး ဖွင့်ရမှာ ဖြစ်ပါတယ်။ Video ဖိုင်ကိုဖွင့်လိုက်ရင် ညာဘက်ထောင့် နားလေးမှာ Camera ပုံလေးနဲ့ Icon ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ Icon လေးကို နှိပ်လိုက်ရင် Pop Out အနေနဲ့ Video တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီ Pop out Windows ရဲ့အရွယ်အစားကို အကျဉ်းအကျယ် ချိန်ညှိချင်တယ် ဆိုရင်လည်း ချိန်ညှိပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
By သီဟ
Internet Journal





























No comments:

Post a Comment