Friday, May 8, 2015

OPPO Mirror 3


l

Device Support : OPPO
Price : 219,000 Ks
အားသာချက်
ဖုန်းရဲ့ အရွယ်အစားနဲ့ ပုံစံဒီဇိုင်းပိုင်းမှာ သေသပ်ပါတယ်။ ဖုန်းမှာ ထည့်သွင်း အသုံးပြုထားတဲ့ Color OS ဟာ Version 2.0.0i ဖြစ်သွားတဲ့အတွက် OS Interface ပိုင်းမှာလည်း နောက်ပိုင်းထွက် တန်ဖိုးမြင့် OPPO စမတ်ဖုန်းတွေလို မြင်ကွင်းမျိုးဖြစ်ပြီး ကင်မရာ အသုံးပြု စနစ်ပိုင်းတွေမှာ ပြည့်စုံကောင်းမွန် လာတာတွေ့ရမှာပါ။ Gesture Sensor စနစ်ပိုင်း တွေမှာလည်း ပြည့်ပြည့်စုံစုံ ပါဝင်တဲ့အပြင် ပါဝါအသုံးပြုခြင်း အတွက်လည်း ကောင်းမွန်တဲ့ Power Saving စနစ် ပါဝင်တာ တွေ့ရပါတယ်။ မြန်မာစာ စနစ်တစ်ပါတည်း ပါဝင်တဲ့အပြင် ဖုန်းကို ဘက်ထရီ အားသွင်းတဲ့ အခါမှာလည်း အလျင်အမြန် ဘက်ထရီ အားသွင်းခြင်းကို ပြုလုပ်ပေးနိုင်မယ့် VOOC Charge နည်းပညာ ပါဝင်ပါတယ်။
အားနည်းချက်
ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ဟာ 8GB ဖြစ်ပေမယ့် တကယ်တမ်း အသုံးပြုနိုင်တဲ့ မှတ်ဉာဏ်ပမာဏဟာ 4GB ကျော်ကျော်ပဲ ရှိတဲ့အတွက် မှတ်ဉာဏ်များများ အသုံးပြုလို သူတွေအတွက်တော့ Micro SD Card ကို အသုံးပြုရ ပါလိမ့်မယ်။
ဒီဇီုင်း
ပုံစံဒီဇိုင်း ပိုင်းမှာတော့ Mirror3 ဟာ လေး ထောင့်ဆန်တဲ့ ပုံစံမျိုးရှိနေပြီး နောက်ဘက် မျက်နှာပြင်ကတော့ အခုံးပုံစံမျိုး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည် ဖွဲ့စည်းမှုမှာတော့ ကိုယ်ထည်ရဲ့ ဘေးဘောင်တွေဟာ သတ္တုကိုယ်ထည် ဖွဲ့စည်းမှု ပုံစံမျိုးဖြစ်ပြီး နောက်ဘက် ကာဗာကတော့ ပလတ်စတစ် ကာဗာပါ။ နောက်ဘက် ကာဗာဟာ ချောမွေ့ တောက်ပြောင်တဲ့  ပလတ်စတစ်သားကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် ပြောင်လက်လှပနေပေမယ့် ကိုင်တွယ် အသုံးပြု ချိန်မှာတော့ ချောမွေ့တဲ့အတွက် လက်ထဲက လွတ်မကျအောင် ဂရုစိုက်ရပါလိမ့်မယ်။ ဖုန်းရဲ့အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၃.၇၇ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၆.၈၈ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ၀.၈၉ စင်တီမီတာ ဖြစ်တဲ့အတွက် အရမ်းပါးလွှာတဲ့ဖုန်း အမျိုးအစားတော့မဟုတ်ပါဘူး။ အလေးချိန်ကတော့ ၁၃၀ ဂရမ်ရှိပါတယ်။ ပါဝါခလုတ်နဲ့ အသံအတိုး အကျယ် Volume Key တွေဟာဖုန်းရဲ့ ညာဖက် ဘေးဘောင်မှာ အတန်းလိုက် ရှိနေပြီး စပီကာကတော့ ဖုန်းရဲ့နောက်ကျော ဘက်ကာဗာ အောက်နားမှာ ရှိပါတယ်။
ကွန်ရက်
GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ Micro Sim နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် Dual Sim ဖုန်းအမျိုးအစားပါ။
မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၄.၇ လက်မရှိပြီး IPS LCD Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 720 x 1280 Pixel (312 ppi pixel density) ရှိပါတယ်။
နည်းပညာ
နည်းပညာ ပိုင်းမှာတော့ ဒီဖုန်းဟာ OPPO စမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်းပဲ Gesture Sensor စနစ်ပိုင်းတွေမှာ အသားပေးထားတာ တွေ့ရ မှာပါ။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ Color OS ဟာလည်း ဗားရှင်းမြင့်တဲ့အတွက် ကင်မရာ အသုံးပြု စနစ်တွေမှာလည်း ပိုမိုပြည့်စုံ လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Screen ဖွင့်ခြင်း၊  ပိတ်ခြင်းတွေကို အလွယ်တကူ ပြုလုပ်နိုင်မယ့် Screen Gesture စနစ်တွေနဲ့ Screen ပိတ်ထားချိန်မှာ Screen ပေါ်မှာ သတ်မှတ်ထားတဲ့ သင်္ကေတတွေကို ရေးဆွဲပေးလိုက်ရုံနဲ့ ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေထဲကို အလွယ်တကူ ရောက်ရှိ နိုင်မယ့် Screen Off Gesture အစရှိတဲ့ နည်းပညာတွေကို ဒီဖုန်းမှာထိတွေ့ အသုံးပြုနိုင်ပါတယ်။ ကင်မရာ အသုံးပြု စနစ်တွေမှာ ဆိုရင်လည်း ကိုယ်အသုံးပြုလိုတဲ့ စနစ်တွေကို လိုအပ်တဲ့ အချိန်မှာ Install ပြုလုပ် ထည့်သွင်းအသုံးပြုပြီး အသုံးမပြုချင်တဲ့ အချိန်မှာ Uninstall ပြန်လည် ပြုလုပ်ထားနိုင်မယ့် စနစ်တွေပါဝင်ပါ တယ်။ ဒါ့အပြင် ဓာတ်ပုံပိုင်းမှာ အမှောင်နေရာတွေနဲ့ ညပိုင်းတွေမှာ  ကောင်းကောင်းဓာတ်ပုံရိုက်နိုင်မယ့် Colorful Night, အလင်းရောင်ကို ကောင်းကောင်း သိရှိနိုင်စေမယ့် Slow Shutter, ဓာတ်ပုံ ကင်မရာတွေမှာ အသုံးပြုသလိုမျိုး Manual စနစ်အသုံးပြု ရိုက်ကူးနိုင်မယ့် Expert Mode အစရှိတဲ့ နည်းပညာတွေကိုလည်း ဒီဖုန်းမှာ တွေ့မြင်နိုင်ပါတယ်။
အသေးစိတ်ဖော်ပြချက်
CPU ကတော့ Quad-core 1.2 GHz Cortex-A53 CPU ကို အသုံးပြုထားတဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက် ပိုင်းတွေမှာ ချောမွေ့ ကောင်းမွန်မှု ရှိနေတဲ့အပြင် ဂရပ်ဖစ်စနစ် အတွက်လည်း Adreno 306 GPU ကိုထည့်သွင်း အသုံးပြု ထားတာတွေ့ရ ပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 8GB ပါဝင်ပြီး RAM ကတော့ 1GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြု ဖို့အတွက်တော့ Micro SD ကို 128GB ထိထပ်မံ ထည့်သွင်းအသုံးပြု နိုင်ပါတယ်။ OS ကတော့ Android OS Version 4.4 ကို အသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာ 8 Mega Pixel နဲ့ ရှေ့ကင်မရာကတော့ 5 Mega Pixel ရှိပါတယ်။ Bluetooth v4.0, A2DP စနစ်နဲ့ microUSB v2.0 စနစ်တွေကို အသုံးပြု နိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-Po 2000 mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ Mirror3 ဟာ ဖုန်းရဲ့ Gesture Sensor စနစ်ပိုင်းတွေမှာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင်ဖုန်းမှာ ထည့်သွင်း အသုံးပြုထားတဲ့ Hardware ပိုင်းတွေမှာလည်း အဆင်ပြေတဲ့ ဖုန်းပါ။ OS ပိုင်းမှာ Color OS ဟာဗားရှင်း အမြင့်ဖြစ်တဲ့အတွက် ကင်မရာအသုံးပြု စနစ်ပိုင်းတွေမှာ အရင်ကထက် ပိုမိုပြည့်စုံ လာတာကိုလည်း မြင်တွေ့ရပါတယ်။ ဖုန်းမှတ်ဉာဏ် ပိုင်းမှာတော့ Internal Memory ဟာ သင့်တင့်တယ်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်း အသုံးပြုနိုင်မယ့် မှတ်ဉာဏ် ပမာဏကတော့ နည်းတယ်လို့ ဆိုရမှာပါ။ ကိုင်တွယ်အသုံးပြုချိန်မှာတော့ အရွယ်အစားနဲ့ အထိတွေ့ဟာ လက်ထဲမှာ အံဝင်ခွင်ကျ ဖြစ်စေပါတယ်။
 Internet Journal

























































No comments:

Post a Comment