Thursday, May 7, 2015

Microsoft Surface 3





lj


အားသာချက်
Surface 3 Laptop သည် Surface Pro 3 ထက် ဈေးနှုန်းသက်သာပြီး လူတိုင်း အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဒီဇိုင်းနှင့် အခြားအရာဝတ္ထုများကို လျှော့ချထားသည်။ ၎င်း laptop တွင် Windows ဗားရှင်းကိုပင် အသုံးပြုထားပြီး laptop မှ tablet အဖြစ်ပြောင်းလဲ အသုံးပြုနိုင်ရန် keyboard cover ပါဝင်သည်။
အားနည်းချက်
Surface 3 တွင် ပါဝင်သည့် ပရိုဆက်ဆာသည် စွမ်းဆောင်ရည် နိမ့်သောကြောင့် PC အဖြစ် အမြဲတမ်း အသုံးမပြု နိုင်ပေ။ ထို့အပြင် keyboard ကိုသီးခြား ရောင်းချ ပေးသောကြောင့် စရိတ်မသက်သာလှပေ။ Surface 3 တွင်ပါဝင်သည့် kick-stand သည်ထောင့် ၃ ခုသာရွေး၍ ထောင်ထားနိုင်သည်။
အသေးစိတ်ဖော်ပြချက်
ဈေးနှုန်း သင့်တင့်သော Surface 3 သည် ကျစ်လျစ်မှုရှိသော tablet ဖြစ်ပြီး Windows RT မဟုတ်သည့် Windows 8.1 (64 bit) ဗားရှင်းကို အသုံးပြုထားသည်။ သို့သော်လည်း keyboard ကို သီးခြားဝယ်ယူ ရခြင်းကြောင့် ဈေးနှုန်း အနည်းငယ် မြင့်မားသည်။
Surface 3 ၏မျက်နှာပြင်အရွယ်မှာ ၁၀ လက်မဖြစ်ပြီး 1,920x1,280 ရုပ်ထွက် အရည်အသွေးရှိ touchscreen ဖြစ်ပြီး CPU မှာ 1.6 GHz Intel Atom Z8700 ကိုအသုံးပြု ထားသည်။ ထို့အပြင် Surface 3 တွင် Memory 2GB, 32GB Intel HD Graphics, Storage 64GB တို့ပါဝင်သည်။ Surface 3 တွင် Microsoft မှယခင်က ၎င်း၏ ထုတ်ကုန်များတွင် အသုံးပြုခဲ့သော magnetic charging cable အစား Micro-USB charging port ကို အသုံးပြုထားပြီး USB 3.0 port အပြင် micro SD card reader တို့လည်း ပါဝင်လာသည်။
ဘက်ထရီ
Surface 3 laptop ၏ဘက်ထရီသည် Surface Pro 3 ၏ဘက်ထရီနှင့် နှိုင်းယှဉ်ပါက  သက်တမ်း ကြာရှည်မှုရှိကြောင်း သိရသည်။ Surface 3 ကို ၇ နာရီ ၄၁ မိနစ်ခန့် တောက်လျှောက် အသုံးပြုနိုင်သည်။

Internet Journal

No comments:

Post a Comment