Friday, May 8, 2015

Android နှင့် ပတ်သက်သည်များ


မြန်မာနိုင်ငံ၏ Android ဈေးကွက် အားသာရခြင်းမှာ စိတ်ကြိုက် Applicatons များကို လိုသလို တပ်ဆင် အသုံးပြု နိုင်ခြင်း Game နှင့် Communications တို့ အတွက် Applications များ ကြွယ်ဝခြင်း အခြား IOS Device များနှင့် မတူပဲ ဈေးနှုန်း အထူး သက်သာခြင်း တို့ ကြောင့် Android ကိုလူကြိုက်များကြသည်၊ လူကြိုက်များရသည့် အချက်များ မည်သို့ ကွဲပြားစေကာမူ အသုံးပြုသည့် SumSang,HTC, Huawai တို့လို Device များခြင်းတော့ အတူတူ ပင်ဖြစ်ပါတယ်၊
မြန်မာနိုင်ငံ၏ Android Market ဈေးကွက်တွင် အခြား နိုင်ငံများနှင့် မတူသော အခက်အခဲများ ပြဿနာများ နှင့် ရင်ဆိုင်နေရသလို ဖြေရှင်းသူများကလဲ နည်းမျိုးစုံသုံး၍ ဖြေရှင်းကြပါသည်၊ အများစုသော HTC,Sumsang,Huawai ဖုန်းတို့မှာ မြန်မာနိုင်ငံ အတွက် ရည်ရွယ်၍ ထုတ်လုပ်ခြင်း မဟုတ်သည့် အတွက် Network Lock ပြဿနာ တတ်ခြင်း၊ မြန်မာစာ မပါရှိခြင်း၊ မြန်မာစာထည့်သွင်းရန် Root ဖောက်ရာ အခက်အခဲရှိခြင်း၊ Android Update Version နှင့် မညီ သည့် firmware များ တင်၍ ဖုန်းပျက်စီးခြင်း၊ CPU limitation ကျော်သည့် App များ ထည့်သွင်းကာ အသုံးပြု၍ ဖုန်းပျက်စီး ရခြင်း စသဖြင့် OEM (Original Equiptment Menufeacture) များ ၏ Defects များနှင့် Software နှင့် Application တို့မှ ပေးသည့် Side Effects ပြဿနာများ ကိုရင်ဆိုင်ကြရပါသည်၊
မြန်မာနိုင်ငံ၏ ဖုန်းဈေးကွက်သည် နိုင်ငံခြား ကုမ္မဏီများအဖို့ အာရုံစိုက်စရာ အထင်ကြီးစရာကောင်းအောင် ကြီးမားလာသော်လည်း တာဝန် မယူတတ်သည့် ထုတ်ကုန် ကိုသာရောင်းချရန် ကြိုးပမ်းသည့် ကုမ္မဏီများမှ ၄င်းတို့၏ ထုတ်ကုန်များကို Defects များ မပါအောင် အာမခံချက် ပေးရှိနိုင်အောင် ကြိုးပမ်းခြင်း မရှိပေ၊ Mobile လောက သားများ Severcian များ အနေနှင့် Mobile နှင့် ပတ်သက်သည့် Software နှင့် Hardware အပိုင်းကိုလေ့လာရာတွင်လဲ နိုင်ငံခြားမှ ပညာရှင်များ၏ ရေးသားချက်များပေါ်တွင်သာ မှီခိုကြရပါသည်၊ ဤ အချက်၏ အားနည်းချက်များစွာရှိပါသည်၊ နိုင်ငံခြား ပညာရှင်များက Android System ကို လေ့လာ၍ ပြန်လည် မျှဝေရေးသားသည့် စာရင်းတွင် HTC, Sumsang, Nexus တို့နှင့် အခြား ပြည်ပနိုင်ငံများတွင် အသုံးပြုကြသည့် ဖုန်းများကိုသာ အာရုံစိုက်၍ ရေးသားကြ ပါသည်၊ ထိုရေးသား သင်ပြမှုများမှာ လေ့လာသူတွေအဖို့ အဖိုး မဖြတ်နိုင်သည့် ရွှေတွင်းကြီးများဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လူတန်းစေ့ အသုံးပြုနိုင်သော ဖုန်းများ မှ ထို ပုဂ္ဂိုလ် များ ရေးသားထားသည့် ဖုန်းများ မဟုတ်ပေ၊ အချို့သောပြည်တွင်းလေ့လာသူတို့က နိုင်ငံခြားမှ သင်ပြထားသည့် နည်းပညာများကို အခြေခံ ၍ ပြည်တွင်း အသုံးအများဆုံးဖြစ်သော Huawai ကဲ့သို့သော ဖုန်းမျိုးတွင် ပေါ်တတ်သည့် ပြဿနာ များ ဖြေရှင်းကြသည်၊ မြန်မာပြည်တွင်းရှိ ကြိုးစားလေ့လာသူတွေ မှီခိုရသည့် အနောက်နိုင်ငံမှ Android Resources များမှာ လွန်စွာ ကောင်းမွန်လှသော်လဲ မြန်မာနိုင်ငံအတွင်း အသုံးပြုသည့် Android Target နှင့် တိုက်ရိုက် ထိတွေ့နိုင်သည့် စွမ်းအား မရှိဟုပင်ပြော ရပါမည်၊ အွန်လိုင်းမှ လေ့လာသူများ အနေဖြင့် အများစု ရှာဖွေလေ့လာမှုမှာ အခမဲ့ရနိုင်သော ပြည်တွင်း ပြည်ပမှ လေ့လာသူများ ကျွမ်းကျင်သူများ ရေးသားထားသော Batch ဖိုင်များ C++ QT နှင့်ရေးထားသော ဖုန်းပြုပြင်ရေး Software များ နှင့် ပြဿနာတစ်ခုကို ဖြေရှင်းရန် ထိုပြဿနာအား ဖြေရှင်းနိုင်သည့် Code အစိတ်အပိုင်းတစ်ချို့ကို မျှဝေရှင်းပြထားသည့် ၀က်ဆိုက်များတွင် ရှာဖွေကြပါသည်၊
ရှာဖွေလေ့လာမှုသည် အတိုင်း အတာ တစ်ခု အထိခရီးရောက်၍ ပညာကို အဆင့်မြင့်စေသော်လည်း Android OS နှင့် OEM Limitation များမှာ version တစ်ခုပြောင်း တိုင်း ပြောင်းလဲနေပါသည်၊ လျင်မြန်သည့် ထိုပြောင်းလဲမှုကို အမှီလိုက်ရန်မှာ တစ်စုံ တစ်ယောက် သို့ အဖွဲ့ အစည်း တစ်ခု၏ အင်အားကို မှီခိုနေရုံ နှင့် မဖြစ်နိုင်ပါ၊ ကိုယ်တိုင် Android ၏ Software နှင့် Hardware System ကို ထဲထဲဝင်ဝင် နားလည်၍ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်ရပါမည် Program များ ရေးသားနိုင်ရပါမည်၊
Information Security (သတင်းအချက်အလက် လုံခြုံရေး)၊
ယခုခေတ် မှာတော့ Information Security ကို ဘာသာရပ်၊ တစ်ခု Professional အလုပ်တစ်ခု အနေနဲ့ လူတွေနားလည်ထားကြပါတယ်၊ ဒါပေမယ့် ဒီလို လက်ခံ ပေးဖို့ နားလည်ပေးတယ်ဆိုတာ Information Security စတင် ဖြစ်ပေါ်စဉ်ကတည်းကတော့ မဟုတ်ပါဘူး၊ နည်းပညာ နဲ့ ပတ်သက်တဲ့၊ လျှပ်စစ် ပစ္စည်း နဲ့ ပတ်သက်တဲ့ လူ့ အသုံးဆောင် ပစ္စည်းတွေကို ကုမ္မဏီတွေက ထုတ်ကြပါတယ်၊ သူတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေ လူတွေရဲ့ နေ့စဉ် ဘ၀မှာ ဘယ်လောက် အထိ အရေးပါကြောင်း ဘယ်လောက် အထိ အချိန်ကုန်သက်သာစေကြာင်း စသဖြင့် စသဖြင့် စကားလုံး လှလှတွေသုံးပြီး ကုန်ပစ္စည်းရောင်းချကြပါတယ်၊ ဒီလိုနဲ့ ကွန်ပြူတာ တို့လို ဖုန်းတို့လို Computing နဲ့ Communication အတွက် အရေးပါတဲ့ ပစ္စည်းတွေက လူတွေရဲ့ နေ့စဉ် ဘ၀ရပ်တည်ရေးမှာ ကြီးမားတဲ့ကဏ္ဍ တစ်ခု အနေနဲ့ ပါဝင်လှုပ်ရှား လာကြပါတယ်၊ ထုတ်လုပ်ရောင်းချတဲ့ ကုမ္မဏီတွေက ပြီးပြည့်စုံမှု ရှိကြောင်း ကြေငြာပြီးရောင်းချလိုက်တဲ့ ပစ္စည်းတွေမှာ အားနည်းချက်တွေလဲ ပါဝင်လာပါတယ်၊ အဲဒိ့ အားနည်းချက်တွေက မသမာတဲ့ လူတွေလက်ထဲ ရောက်ပြီး၊ ထိုထို လူတွေက အသုံးချလိုက်တဲ့ အခါ မှာ ပစ္စည်းတွေ အသုံးပြုတဲ့ Customers တွေကို ဆိုးကျိုးတွေဖြစ်ပေါ်စေတော့ပါတယ်၊ ဆိုကျိုးများ ကလည်း အသုံးပြုသူရဲ့ အချိန် နဲ့ ငွေ အပါအ၀င် အသက်ပါ ဆုံးရှုံး ရတဲ့ အဆင့် အထိ မြင့်မားလာပါတယ်၊ ဒီလိုဆိုးကျိုး တွေရှိတာကို ကုမ္မဏီတွေက မသိဘူးလား ဘာလို့ဒီလို ဆိုးကျိုးဖြစ်ပေါ်စေနိုင်တဲ့ အားနည်းချက်တွေပါဝင်တဲ့ ပစ္စည်းတွေကို ကုမ္မဏီတွေက ရောင်းချရတာလဲ စသဖြင့် မေးစရာ မေးခွန်းပေါင်းများစွာပေါ်ထွက်လာပါ၊ ဖြစ်ပေါ်လာသည့် မည်သည့် ဆိုးကျိုး မဆို ကွန်ပြူတာ သို့ ဖုန်း ရဲ့ Software System နဲ့ Hardware Systems တွေမှာ အားနည်းချက်တွေရှိနေလို့ပါ၊ ဒီလိုအားနည်းချက်ကို တွေ့အောင်ရှာနိုင်တဲ့ မကောင်းတဲ့ သူတွေက သူတို့ ရဲ့ ကိုယ်ကျိုး အတွက် အဲဒီ့ အားနည်းချက်တွေကို သုံးပြီး ၀င်ငွေရအောင် ကြံစီကြပါတယ်၊ System တစ်ခုမှာ အားနည်းချက်ရှိလာရင် ထုတ်လုပ်တဲ့ ကုမ္မဏီက တာဝန်မယူ ပဲ တကယ်တမ်း အဲဒီ့ဆိုးကျိုးရဲ့ သက်ရောက်မူကို ၀ယ်ယူ အသုံးပြုသူကသာ ခံစားရပါတယ်၊ ဒီတော့ ဂုဏ်သိက္ခာ ရှိတဲ့ကုမ္မဏီတွေက သူတို့ ရောင်းချတဲ့ Hardware သို့ Software ပစ္စည်းတွေမှာ ပါဝင်တဲ့ အားနည်းချက်တွေကို ရှာဖို့ အတွက် Hardware ကော Software ပိုင်းပါ အထူး ကျွမ်းကျင်တဲ့ ပညာရှင်တွေကို ရှာပါတော့တယ်၊ ဒီလို ပညာရှင်တွေကလဲ တကယ့်ကို တဖက်ကမ်းခက် ကျွမ်းကျင်သူတွေဖြစ်သလို အားနည်းချက်ကို ရှာဖို့ အတွက် Software သို့ Hardware ကို အစအဆုံး အသေးစိတ် ပြန်လည်စစ်ဆေးကြပါတယ်၊ တစ်ဆင့်စီ အလုပ်လုပ်ပုံနဲ့ လုပ်နေတဲ့ တစ်ဆင့်စီတိုင်းမှာ ထိုးဖောက် နိုင်မယ့် အားနည်းချက်တွေကိုရှာတယ် တွေ့ရင် တိုက်ရိုက် ထိုးဖောက်ကြည့်တယ်၊ ဒီလို အသေးစိတ် အချက်တစ်ခုစီကို ပြန်လည်လေ့လာစီစစ် ထိုးဖောက်ကြည့် တဲ့ပညာရပ်ကိုတော့ Information Security လို့ အမည်ပေးကြပါတယ်၊ ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေကို စုစည်းပီး ကုမ္မဏီတွေက ၄င်းတို့ထုတ်တဲ့ Software သို့ Hardware မှာ အားနည်းချက် နည်သမျှနည်းအောင် ကြိုးပမ်းကြပါတယ်၊ ကြိုးပမ်းမူတွေက ထိရောက်မှုရှိသလို အားနည်းချက်တွေနဲ့ လိုအပ်ချက်တွေကိုလဲ ကာကွယ်နိုင်ခဲ့ပါတယ်၊ သို့ပေမယ့် ဘယ်လောက်ပဲ ကြိုးပန်းကြိုးပန်း အားနည်းချက်တွေနဲ့ ထိုးဖောက်နိုင်မယ့် အချက်တွေကို လေ့လာနေသူတွေက ဆက်လက်ထိုးဖောက်ရင် ရှာတွေ့သွားရင်း ကုမ္မဏီဘက်ကလဲ အားနည်းချက်ကိုပြန်ပိတ်ဖို့ ကြိုးပမ်းရင်းနဲ့ နည်းပညာလောက မှာ Information Security ရဲ့ က ကဏ္ဍက အသက်ဝင်နေသလို ထိုးဖောက်ဖို့ ကြိုးစားသူ တွေအတွက်ကော ထိုးဖောက်လို့မရအောင် အားနည်းချက်ရှာဖွေပြီးပိတ်ပင်သူတွေအတွက် ကော လုပ်ငန်းခွင်တွေဖန်တီးပေးနေပါတယ်၊ ဒီလိုပဲ ကုမ္မဏီတွေအတွက်လဲ ပိုမို ကောင်းမွန်းပြီး ယုံကြည်စိတ်ချ ရတဲ့ ဆော့ဝဲတွေကို ထုတ်နိုင်စေပါတယ်၊
အများသတိထားမိကြတဲ့အတိုင်းပါပဲ Mobile Computing က Information technology နယ်ပယ်မှာ အကြီးမားဆုံး ကဏ္ဍတစ်ခုအနေနဲ့ အရှိန်အဟုန် မြင့်မြင့် နဲ့ နေရာယူလာခဲ့ပါတယ်၊ ကွန်ပြူတာ တွေက နေ့စဉ်ဘ၀မှာ အထူး အသုံးတော်ခံ ပစ္စည်းတွေအနေနဲ့ ရှိနေခဲ့ရာကနေ Mobile Device တွေရဲ့ အသုံးပြုနိုင်စွမ်း မြင့်မားလာသည်နှင့် အမျှ ထိုင်ပြီးအသုံးပြုလို့သာ အဆင်ပြေတဲ့ Desktop တွေကို အိမ်မှာပဲသုံးကြပါတော့တယ်၊ Mobile Device ကတော့ အသုံးပြုသူနဲ့ မခွဲခွါပဲ လမ်းပေါ်မှာလဲ အတူတူ စားသောက်ဆိုင်သွားလဲ အတူတူ လိုအပ်တဲ့ အချိန်တိုင်းမှာ အမြဲရှိနေနိုင်ပါတယ်၊ ဒါကြောင့် လူသားတွေနဲ့ အနီးကပ်ဆုံး ဖြစ်ပြီး အသုံး အများဆုံး Device တစ်ခု လဲ ဖြစ်နေပါတော့တယ်၊ လူတွေရဲ့ ယုံကြည်မှုကလဲ Mobile Device တွေပေါ်မှာ စုပုံလာကြပါတယ်၊ ဘဏ်စာရင်း စစ်ဖို့တို့၊ Internet banking ကိုဖုန်း အသုံးပြုပြီးငွေလွှဲတာတို့၊ အရေးကြီး လေ့လာရမယ့် စီစစ်ရမယ့် အချက်အလက်တွေကို ဖုန်းထဲမှာ သိမ်းထားပြီး အားတိုင်း ထုတ်ဖတ်ဖို့ တို့ ဆက်သွယှ်ု စာရင်းတို့ အားလုံးအားလုံး ကိုဖုန်းထဲမှာပဲသိမ်းထားပါတယ်၊ ဖုန်းထဲမှာရှိခြင်းအားဖြင့် ဘယ်နေရာရောက်ရောက် လွယ်ကူ လျှင်မြန်စွာ ထုတ်ဖတ်နိုင်တယ်၊ လေ့လာနိုင်တယ်၊ ဒီလို ဖုန်းရဲ့ ထိရောက်လှတဲ့ အသုံးဝင်မှုတွေကြောင့် ဖုန်း နဲ့ လူ တစ်သားထဲ ကျလာပါတော့တယ်၊
သတင်းအချက်အလက်နဲ့ နည်းပညာတွေကို ခိုးယူလိုသူတွေအတွက်ကလဲ လူသုံးများ တဲ့ လူတွေယုံကြည်စိတ်ချစွာ သတင်းအချက်အလက်တွေကို သိုလှောင်တတ် တဲ့ Mobile Device ကိုတိုက်ခိုက်ဖို့ လိုအပ်လာပါတယ်၊ ဒီလို လက်စွမ်းထက်တဲ့ Hacker တွေကို တားစီးနိုင်ဖို့ အတွက် Mobile Information Security ရဲ့ စွမ်းအားကိုလဲ မြင့်တင်ဖို့လိုအပ်ပါတယ်၊ ဒီအချက်က ပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေကြားမှာ သဘောပေါက်နားလည်လွယ်ပေမယ့် လက်တွေ့ ကာကွယ်ရေးအတွက်လုပ်ဆောင်မှုက ခရီးမရောက်လှပါဘူး၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေအတွက် အချိန်နဲ့ Research အတွက် လုံလောက်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ မရှိဘူး၊ Information Security အတွက် ရင်းနှီးမြုပ်နှံမှုမရှိခြင်းက အဆင့်မြင့်တဲ့ Hackers တွေရဲ့ တရက်စက် ထိုးဖောက်မှုကို မကာကွယ်နိုင်ဖြစ်နေရပါတယ်၊ ကုမ္မဏီ အများစုကလဲ သူတို့ထုတ်တဲ့ Products တွေကို ရောင်းချနိုင်ဖို့လောက်ပဲ စိတ်ထက်သန်ပြီး သူတို့ Products တွေရဲ့အားနည်းချက်ကြောင့် အသုံးပြုသူ ခံစားနေရတဲ့ လုံခြုံရေးအားနည်းချက်ကို သိသိကြီးတွေနဲ့ လှစ်လျှူ ထားလိုက်ကြပါတယ်၊ Embedded Security Research နဲ့ Development အားနည်း ချက်ကတော့ Hacker တွေအတွက် မျက်ဖြူ ဆိုက်လေ ဆရာကြိုက်လေဆိုတဲ့ ရွှေတွင်း ငွေတွင်းကြီးတွေဖြစ်နေပါတော့တယ်၊ Google ဦးဆောင်တဲ့ Information Security အဖွဲ့အစည်းကြီးက Android OS ကို ဘယ်လိုပင် လုံခြုံအောင် ကြိုးစားကြိုစား အိတ်ပေါက်နဲ့ ဖားကောက်နေရသလို အားနည်းချက်တွေ ထပ်တွေ့ရစမြဲဖြစ်ပြီး၊ ပြုပြင်လိုက်တဲ့ အချက်တွေမှာကို အားနည်းချက်တွေထပ်ရှိစမြဲဖြစ်နေတဲ့ အတွက် Mobile Security ကဏ္ဍ ကတော့ လုံခြုံမှု အပြည့်ပေးနိုင်ဖို့ ကွင်းစပျက်နေပါသေးတယ်၊
Mobile Security အားနည်းချက်က လူ့အသိုင်း အ၀ိုင်း အတွက် အထူး ခြိမ်းချောက်မှုကြီးတစ်ခုဖြစ်နေသလို အဲ့ဒီ့ ခြိမ်းခြောက်မှုကပဲ နယ်ပယ် အသီးသီး က လူပုဂ္ဂိုလ်တွေ ပညာရှင်တွေအတွက် လုပ်ငန်း အခွင့် အလမ်းတွေကိုတိုးပွားလာစေပါတယ်၊ အခန်းကျဉ်းလေးထဲက ကွန်ပြူတာရှေ့မှာ အသည်း အသန် အလုပ်လုပ်နေတဲ့ လူမသိတဲ့ ကွန်ပြူတာ ပညာရှင်တွေအတွက်လဲ ကုမ္မဏီကြီးတွေမှာ သက်ဆိုင်ရာ ရာထူးကြီးတွေလခကောင်းတွေရရှိစေမယ့် အခွင့် အလမ်းတွေကို ဖွင့်ပေးလိုက်ပါတယ်၊
Mobile နဲ့ ပတ်သက်တဲ့ Information Security ကိုလေ့လာရာမှာတော့ အခြားသတင်းအချက်အလက်လုံခြုံရေးနည်းပညာများနှင့် မတူညီတဲ့ Hardware နဲ့ Software တည်ဆောက်ချိတ်ဆက်မှု Architectures တွေ Hardware အထောက်အကူပြု ယူနစ်တွေ (peripherals) တွေ တစ်ဆင့်ပြီး တစ်ဆင့်လုပ်ဆောင်သွားတဲ့ Software Stack(အဆင့်တွေ) ၊ နဲ့ Operation Systems တွေအကြောင်း စသဖြင့် လေ့လာစရာ ကဏ္ဍ အသီးသီး ခေါင်းစဉ် အသီးသီး ပါဝင်ပါတယ်၊ ဒီကဏ္ဍတွေကပဲ အားနည်းချက်တွေဖြစ်စေမယ့် ထိုးဖောက်ဝင်ရောက်ခွင့်လမ်းကြောင်းကို ဖြတ်ပေါ်စေ ecosystem ကိုဖန်တီးပေးခဲ့တာပါ၊
IDC ရဲ့ လေ့လာမှု အရ 2012 မှာ ကမ္ဘာ့ဈေးကွက်ရဲ့ Q3 အပိုင်းမှာ 75% နှုန်းကို Android က လွှမ်းမိုးထားလိုက်ပါတယ်၊ ဖုန်းအရည်အတွက်နဲ့ တွက်ရင် 136 သန်း သောဖုန်း အလုံးရေကို တင်ပို့ရောင်းချခဲ့ပါတယ်၊ Q3 အပိုင်းမှာပဲ Apple’s ရဲ့ IOS device က ဈေးကွက်ရဲ့ 14.8 ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်၊ နောက်တစ်နှစ် 2013 Q3 အပိုင်းမှာတော့ Android က ဈေးကွက်ရဲ့ 81 ရာခိုင်နှုန်းကို ရရှိခဲ့ပြီး IOS ကတော့ 12.9 ရာခိုင်နှုန်းနဲ့ လက်ကျန် 6.1 ရာခိုင်နှုန်းကို အခြားသော Operation System သုံး ဖုန်းများ က ရရှိခဲ့ပါတယ်၊ ဒီလောက်ဈေးကွက်ကို နေရာယူထားနိုင်တဲ့ အတွက်ကြောင့်ပဲ Android ရဲ့ Information Security ကို ကမ္ဘာတစ်လွှား ပုံစံအမျိုးမျိုး နဲ့ အထူးစိတ်ဝင်စားလာကြပါတယ်၊။
Waiferkolar

No comments:

Post a Comment