Sunday, May 17, 2015

Original Gallery ထက်ပိုကောင်း ပိုမြန်တဲ့  Quick Pic Gallery app for Android

Original Gallery ထက်ပိုကောင်း ပိုမြန်တဲ့  Quick Pic  Gallery app for Android

Android ဖုန်းသုံးသူအတော်များများ ကြုံ ဖူးတာ ကတော့ ဖုန်းထဲ က ဓါတ်ပုံတွေ ရုပ်ရှင်ဖိုင်တွေ ဟာ Original ပါလာတဲ့  Gallery မှာ မပေါ်လာတာ ၊ တစ်ခါတစ်လေ ပေါ်လာဖို့ ကြာနေတာ ဖြစ်ဖူးကြပါလိမ့် မယ် ။  အဖြစ်များတာတွေ ကတော့  Huawei handset တွေ မှာပို အဖြစ်များပါတယ်။  ဒီပြဿနာက ဘယ်လိုအချိန်မျိုးမှာ တွေ့ ရတတ်သလဲဆိုတော့ ဖုန်းနဲ့ ကွန်ပျူတာ ကို Mass Storage နဲ့ ချိတ်ဆက်ပြီးတော့ ဖိုင်တွေ ကူးယူပြီးကာစအချိန် မျိုးမှာ အဖြစ်များပါတယ်။  ဒီလိုမျိုး ဖြစ်လာခဲ့ ပြီဆိုရင် ဖုန်းကို ပါဝါ အဖွင့် အပိတ်လုပ် ကြည့် ၊  ဒါမှမဟုတ် အချိန်တော်တော်ကြာ စောင့် နေမှ ပြန်ပေါ်လာတာ မျိုးပါ။ တစ်ခါတစ်လေဆို ပေါ်ကို မပေါ်လာတော့ ပါဘူး။ ဒါပေမဲ့ ဖိုင်မန်နေဂျာ ကနေ သွားကြည့် ရင် ဖိုင်တွေ ကရှိနေမှာပါ။  Gallery app မှာသာ လာပေါ်ဖို့ ကြာနေတာမျိုးပါ။

ဒါကိုဖြေရှင်းဖို့  အကောင်းဆုံးနည်းလမ်းကတော့  QuickPic ဆိုတဲ့  Gallery app ကို အစားထိုး အသုံးပြုလိုက်ရုံပါပဲ။  ထူးထူးထွေထွေ ဘာမှလုပ်ပေးစရာမလိုပါဘူး... install လုပ်ပေးပြီးရင် quickpic ထဲကိုဝင် လိုက်ရင် သာမန် gallery လိုပဲ အသုံးပြုလိုက်ရုံပါပဲ။ Original Gallery app ထက် ပိုမို ကောင်းမွန် မြန်ဆန် ပြီး လုပ်ဆောင်ချက်များလည်း ပိုမို ပါဝင်ပါတယ်

Click here to download


ခေတ်သစ်နေ (မိုဘိုင်းနည်းပညာ)

Authorb : KoAnnKu 

No comments:

Post a Comment