Tuesday, May 12, 2015

Video ဖိုင်ကို screen off ပြီး အသံပဲ နားထောင်မယ် with ( VLC for Android )


ကျွန်တော် တို့ တော်တော်များများ ဖုန်းထဲမှာ Music video ဖိုင်တွေ ကိုသိမ်းထားလေ့ ရှိပါတယ်။  တစ်ခါ တစ်လေ အဲ့ ဒီဖိုင် တွေ ကို အသံချည်းပဲ သီးသန့် နားထောင်ချင်တယ် ဆိုရင် ဒီနည်းလမ်း က သင့် အတွက်ပါ။  Video ဖိုင် ကို  format convert လည်း မလုပ်ချင်ဘူး  ဒါမှမဟုတ် ပြောင်းဖို့ အခြေ အနေ မပေးဘူး ဆိုရင် ဒီနည်း က အဆင်ပြေစေမှာပါ။

ပြုလုပ်နည်း အဆင့် ဆင့် 

၁။ အရင်ဆုံး VLC Player for android ကို install လုပ်ပေးပါ။

၂။ ပြီးရင် app ကို ဖွင့် ပါ ..  video ဖိုင်တွေ ကို ရှာဖွေ (scanning) နေပါလိမ့် မယ် ပြီးသွားတဲ့ အထိ စောင့် ပေးလိုက်ပါ။

၃။ video ဖိုင်တွေ ပေါ်လာရင် ဖိုင်ရဲ့ ဘေးနားလေးမှယ ဒေါင်လိုက် အစက်လေး သုံးစက် ခလုပ်လေးကို နှိပ်ပေးလိုက်ပါ။ ပေါ်လာတဲ့  Menu ထဲ ကအပေါ်ဆုံး ကိုတစ်ချက်နှိပ်ပေးလိုက်ပါ .. Power button ကိုနှိပ်ပြီး screen off လိုက်လို့ ရပါပြီ... အသံ က ဆက် ပြီး Play သွားနေပါလိမ့် မယ်။

Click here to download

အဆင်ပြေပါစေ။

ခေတ်သစ်နေ ( မိုဘိုင်း နည်းပညာ )

Author : KoAnnKu

No comments:

Post a Comment