Thursday, June 25, 2015
Zapya နဲ့ ပို့ ထားတဲ့ ဖိုင်တွေ Gallery , Musics , Video , နေရာတွေမှာမပေါ်ရင်ဖြေရှင်းနည်း
ဒီလို ဖြစ်တတ်တဲ့ ဖုန်းတွေ ကတော့  Android version 4.4 Kitkat ဖုန်းတွေပါပဲ။ ဒီပြဿနာကို ဖြေရှင်းနိင် မယ့် နည်းလမ်းတွေ မတွေ့ မိသေးဘူးဗျ.။   လတ်တလော အဆင်ပြေချင်တယ်ဆိုရင်တော့ ဖြေရှင်းနည်းရှိပါတယ်။
အဲ့ နည်း ကတော့ 
၁။  အရင်ဆုံး မိမိ အသုံးပြူနေကျ file manager တစ်ခု ကို အရင်ဖွင့် ထားပေးပါ ။
၂။ Settings ထဲမှာ show hidden file ကို လိုက်ရှာပြီး အမှန်ခြစ်ထားပေးပါ။
၃။ သင့် ဖုန်းရဲ့  Default storage location ထဲက Android > Data > com.dewmobile > file > zapya ကို သွားလိုက်ပါ။
၎။ အဲ့ ဒီထဲ ကတွေ့ တဲ့ ဖိုင်တွေ ကို သင်ထားချင်တဲ့ နေရာဆီကို cut/ or move နဲ့  ရွှေ့ ပေးလိုက်ပါ။
ဒါဆို အဆင်ပြေသွားပါလိမ့် မယ်။
ဒါပေမယ့် ဒါ က Zapya နဲ့ တစ်ခါ ပို့ ပြီးတိုင်းတစ်ခါပြန် လုပ်ပေးနေရမှာပါ။  မတတ်နိုင်ဘူး.. လောလောဆယ်တော့ ဒီတစ်နည်း ပဲတွေ့ သေးတယ်ဗျ.
အဆင်ပြေပါစေ။
ခေတ်သစ်နေ (မိုဘိုင်းနည်းပညာ)
Author : KoAnnKu
1 comment: