Wednesday, July 29, 2015

Android ဖုန်းတွေ အတွက် လျင်မြန်တဲ့  Home Launcher အသစ် ( Arrow Launcher )

Android phone တွေ အတွက် Home Screen Launcher တွေ အများကြီး ထွက်ရှိထားပါတယ်။
အများအားဖြင့် Home Launcher တွေ ကို  Company ကြီးတွေ ကပြုလုပ်တာနည်းပါတယ်။

ခု ထွက်ရှိလာတဲ့  Launcher အသစ် ကတော့ ထူးထူးဆန်းဆန်း ဆိုသလို ပဲ Android ရဲ့ ပိုင်ရှင်လို့ ဆိုနိုင်တဲ့  Google ရဲ့  မဟာပြိုင်ဘက်လို့ သတ်မှတ်ထားကြတဲ့  Microsoft company ကနေ ဖန်တီးလိုက်တာပါ။

Application ရဲ့ နာမည် ကတော  Arrow Launcher လို့ ခေါ်ပါတယ်။ လောလောဆယ်တော့ Private Beta version အဆင့် မှာပဲ ရှိနေပါသေးတယ်။


Microsoft Launcher ဆိုတော့  Windows 8 လို မျိုး ဒါမှမဟုတ်  Windows phone တွေမှာလို မျိုး Metro UI လို စတိုင်မျိုး ဖြစ်မယ်လို့ ထင်ထားမိပေမယ့်  တစ်ကယ် ထွက်ရှိလာတဲ့ အချိန်မှာ စမ်းသပ်ကြည့် လိုက်တော့  Microsoft က ကိုယ်တိုင်ထုတ်ထားတာ လို့ တောင် မထင်မိတော့ ပါဘူး.။  ဒီ  Launcher ကို Android အတွက် ရိုးရှင်းမှု့ နဲ့  အလျင်အမြန် အသုံးပြု နိုင်စေဖို့ ဦးစားပေးတည်ဆောက်ထားတာကိုတွေ့ ရမှာပါ။

Theme ပိုင်းတွေ အရမ်း ကလိချင်တဲ့ သူတွေ တော့  ဒီ Launcher ကို အကြိုက်တွေ့ နိုင်မှာ မဟုတ်ပါဘူး။ သူက ရိုးရှင်းမှု့ ကို ဦးစားပေးထားလို့ုဖြစ်ပါတယ်။   သင့် အနေ နဲ့  ဒီ Launcher ကို ပြောင်းလဲမှု့ များများ စားစား လုပ်နိုင်မှာ မဟုတ်ပါဘူး။။

Main Screen က ၃ မျက်နှာရှိပါတယ် ။  ထပ်တိုးလို့ မရသလို လျှော့ လို့ လည်းမရပါဘူး။ ဘယ်ဘက်အစွန်းဆုံး Main Screen မှာ Recent Contact လို့ ခေါ်တဲ့ နောက်ဆုံးဆက်သွယ်ထားတဲ့ ဖုန်းနံပါတ်တွေ ရှိနေတာကိုတွေ့ ရမှာပါ။ အလယ် က Main Screen မှာတော့  Recent Apps နဲ့  Frequent Apps လို့ ခေါ်တဲ့  နောက်ဆုံး သုံးထားတာ တွေ နဲ့ အသုံးများထားတဲ့  Apps တွေ ကို ပြသထားပေးတာတွေ့ ရမှာပါ။  ညာဘက်အစွန်းဆုံး Main Screen မှာတော့ Notes And Reminder ကိုတွေ့ ရမှာပါ။

အောက်ဆုံးနားမှာ တော့  Dock Bar လို့ ခေါ်တဲ့  Phone Message Browser အစရှိတာတွေ ကို App drawer နဲ့ အတူ တွဲလျှက် တွေ့ ရမှာပါ.။   App Drawer အထဲ ကို ၀င် ကြည့် လိုက်မယ်ဆိုရင် တော့  Application တွေ ကို အက္ခရာစဉ် လိုက် စီစဉ်ထားတာ တွေ့ ရမှာ ဖြစ်သလို Search ကိုလည်း ထည့် ထားတာတွေ့ ရပါမယ်။ 

အကောင်းမွန်ဆုံး Home Launcher  တစ်ခုတော့ မဟုတ် ပေမယ့် ရိုးရှင်း  လျင်မြန်စွာ အသုံးပြုချင်သူတွေ အတွက်တော့ အဆင်ပြေစေမှာပါ။

Microsoft ရဲ့  Arrow Launcher  ကို လို ချင်တယ် ဆိုရင်တော့   အောက် က လင့် မှာ  Download ရယူနိုင်ပါတယ်။

Click here to download


ခေတ်သစ်နေ ( မိုဘိုင်းနည်းပညာ )
Author : KoAnnKu

No comments:

Post a Comment